ရှင်ယာကုပ်ဩဝါဒစာ 4:16
ယခုမူကားသင်တို့သည်မာန်မာနကြီးကာ ကြွားဝါတတ်ကြ၏။ ယင်းသို့ကြွားဝါမှုရှိ သမျှသည်အပြစ်ဖြစ်၏။
Common Language Bible
In The King James Version
But now ye rejoice in your boastings: all such rejoicing is evil.
In Context
17သို့ဖြစ်၍ကောင်းသောအကျင့်ကိုသိလျက်နှင့် မပြုမကျင့်ဘဲနေသောသူသည်အပြစ်ရှိ၏။
Read all of ရှင်ယာကုပ်ဩဝါဒစာ 4
Cross References
Psalms 52:7``မိမိ၏လုံခြုံမှုအတွက်ထာဝရဘုရားကို အားကိုးမည့်အစားမိမိ၏စည်းစိမ်ချမ်းသာ ကို အားကိုးသူကိုကြည့်ကြလော့။ သူသည်ယုတ်မာမှုအားဖြင့်မိမိ၏လုံခြုံမှုကို ရှာသူဖြစ်၏'' ဟုဆိုကြလိမ့်မည်။
Proverbs 27:1နက်ဖြန်နေ့ကို အမှီပြု၍ မဝါကြွားနှင့်။ တရက် အတွင်းတွင် အဘယ်သို့ ဖြစ်လိမ့်မည်ကို မသိနိုင်။
Isaiah 47:10``သင်သည်မကောင်းမှုကိုပြုလျက်၊မိမိကိုယ်ကို ဟုတ်လှပြီ။ မိမိကိုအဘယ်သူမျှမမြင်ဟုထင်မှတ်ဘိ၏။ သင်၏ဉာဏ်ပညာနှင့်အသိပညာတို့ကသင့်အား လမ်းလွဲစေလေပြီ။ သင်သည်မိမိကိုယ်ကို`ငါသည်ဘုရားဖြစ်၏ ငါ့လိုလူဇမ္ဗူတွင်မရှိ' ဟုဆိုပါသည်တကား။
1 Corinthians 5:6သင်တို့သည် မာန်မာနထောင်လွှားနေကြရန် မသင့်။ ``တဆေးအနည်းငယ်က မုန့်ညက် အားလုံးကိုဖောင်းကြွစေ၏'' ဟူသော ဆိုရိုးစကားကိုသင်တို့သိကြ၏။-
Revelation 18:7သူသည်မိမိကိုယ်ကိုချီးမြှောက်၍ကာမဂုဏ် စည်းစိမ်ခံစားသည်နှင့်အမျှ သူ့အားဝမ်းနည်းကြေကွဲဆင်းရဲ ဒုက္ခရောက်စေကြလော့။ အဘယ်ကြောင့်ဆိုသော်သူက``ငါသည် မိဖုရားဖြစ်၏။ မုဆိုးမမဟုတ်။ ငါသည်အဘယ်အခါ၌မျှဝမ်းနည်းကြေကွဲ ရလိမ့်မည်မဟုတ်'' ဟု မိမိကိုယ်ကိုပြောဆိုနေတတ်သောကြောင့်ဖြစ်၏။