ယေရမိအနာဂတ္တိကျမ်း 17:7
``သို့ရာတွင်ငါ့ကိုကိုးစား၍ယုံကြည်သူအား ငါကောင်းချီးပေးမည်။
Common Language Bible
In The King James Version
Blessed is the man that trusteth in the LORD, and whose hope the LORD is.
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 17
Cross References
Psalms 2:12တုန်လှုပ်လျက်ရှေ့တော်တွင်ဦးညွှတ်ပျပ်ဝပ်ကြလော့။ ယင်းသို့မပြုပါမူကိုယ်တော်သည် အမျက်တော်ထွက်တော်မူသဖြင့် သင်တို့သည်မုချသေကြေပျက်စီးကြလိမ့်မည်။ ကိုယ်တော်ထံတော်သို့ချဉ်းကပ်ခိုလှုံသူ အပေါင်းတို့သည်မင်္ဂလာရှိကြ၏။
Psalms 34:8ထာဝရဘုရားသည်အဘယ်မျှ ကောင်းမြတ်တော်မူသည်ကိုသင်ကိုယ်တိုင် စူးစမ်း၍ကြည့်လော့။ ကိုယ်တော်၏ထံတော်၌လုံခြုံစွာနေခွင့် ရသောသူသည်မင်္ဂလာရှိပါ၏။
Psalms 84:12အနန္တတန်ခိုးရှင်ဘုရားသခင်၊ ကိုယ်တော်ရှင်ကိုကိုးစားသူတို့သည် အလွန်မင်္ဂလာရှိပါသည်တကား။
Psalms 146:5ယာကုပ်၏ဘုရားသခင်ကူမတော်မူခြင်းကို ခံရသောသူ၊ မိမိ၏ဘုရားသခင်ထာဝရဘုရားကို အားကိုးသောသူသည်မင်္ဂလာရှိ၏။
Isaiah 26:3အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် စိတ်နှလုံးတည်ကြည်၍ ကိုယ်တော်ရှင်ကိုယုံကြည်ကိုးစားကြသူတို့ အား စစ်မှန်သောငြိမ်းချမ်းသာယာမှုကိုပေးတော် မူပါ၏။
Zephaniah 3:12စိတ်နှလုံးနှိမ့်ချနူးညံ့သိမ်မွေ့သည့်လူစု ကိုထိုအရပ်တွင်ငါချန်ထားမည်။ သူတို့ သည်လည်းငါ့ထံသို့လာရောက်ခိုလှုံကြ လိမ့်မည်။-