Psalms 34:8
ထာဝရဘုရားသည်အဘယ်မျှ ကောင်းမြတ်တော်မူသည်ကိုသင်ကိုယ်တိုင် စူးစမ်း၍ကြည့်လော့။ ကိုယ်တော်၏ထံတော်၌လုံခြုံစွာနေခွင့် ရသောသူသည်မင်္ဂလာရှိပါ၏။
Common Language Bible
In The King James Version
O taste and see that the LORD is good: blessed is the man that trusteth in him.
In Context
Cross References
Psalms 2:12တုန်လှုပ်လျက်ရှေ့တော်တွင်ဦးညွှတ်ပျပ်ဝပ်ကြလော့။ ယင်းသို့မပြုပါမူကိုယ်တော်သည် အမျက်တော်ထွက်တော်မူသဖြင့် သင်တို့သည်မုချသေကြေပျက်စီးကြလိမ့်မည်။ ကိုယ်တော်ထံတော်သို့ချဉ်းကပ်ခိုလှုံသူ အပေါင်းတို့သည်မင်္ဂလာရှိကြ၏။
Psalms 36:10ကိုယ်တော်ရှင်ကိုသိကျွမ်းသူတို့အား ဆက်လက်၍ မေတ္တာထားတော်မူပါ။ သူတော်ကောင်းတို့အားဆက်လက်၍ ကျေးဇူးပြုတော်မူပါ။
Psalms 63:5ကျွန်တော်မျိုး၏ဝိညာဉ်သည်ချိုမြိန်သည့်အစာကို စားသုံးရသူကဲ့သို့ကျေနပ်ရောင့်ရဲလျက်နေ ပါမည်။ ကိုယ်တော်ရှင်အားဝမ်းမြောက်စွာထောမနာ သီချင်းဆိုပါမည်။
Psalms 119:103ဆုံးမသွန်သင်တော်မူခက်တို့သည်ကွန်တော်မျိုး၏ ခံတွင်း၌လွန်စွာချိုပါ၏။ ပားရည်ထက်ပင်ချိုပါ၏။
Song of Solomon 5:1ငါသည် အိပ်ပျော်စဉ်၊ နှလုံးနိုးလျက်ရှိ၏။ ငါချစ်ရာ သခင်၏စကားသံပေ။ ငါ့နှမ၊ ငါချစ်သောအမိ၊ ငါ့ချိုး၊ ငါ၏စုံလင်သူ၊ ငါအားဖွင့်ပါ။ ငါ့ခေါင်းသည် နှင်းနှင့်၎င်း၊ ငါ့ဆံပင်သည် ညဉ့်၌ကျတတ်သော နှင်းစက် များနှင့်၎င်း စိုပြီဟုဆိုလျက်၊ ခေါက်၍နေတော်မူ၏။
Daniel 3:28မင်းကြီးက``ရှာဒရက်၊ မေရှက်နှင့်အဗေဒ နေဂေါတို့ကိုးကွယ်သောဘုရားသခင်ကို ထောမနာပြုကြလော့။ ကိုယ်တော်သည်ကောင်း ကင်တမန်ကိုစေလွှတ်တော်မူ၍ မိမိကိုယုံ ကြည်ကိုးစားကြသောဤသူသုံးဦးတို့ အားကယ်တင်တော်မူ၏။ သူတို့သည်မိမိ တို့၏ဘုရားမှတစ်ပါးအခြားဘုရားကို ဦးညွှတ်ရှိခိုးမည့်အစား မိမိတို့အသက် ဘေးကိုပင်ပမာဏမပြုဘဲငါ၏အမိန့် ကိုဖီဆန်ခဲ့ကြ၏။