ယေရမိအနာဂတ္တိကျမ်း 43:10
ထိုနောက်သူတို့အား`ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်အနန္တတန်ခိုးရှင် ငါထာဝရ ဘုရားသည်မိမိ၏အစေခံဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာကိုဤအရပ်သို့ခေါ်ဆောင် လာမည်။ ငါမြှုပ်ထားသည့်ဤကျောက်တုံး များအပေါ်တွင်သူ၏ရာဇပလ္လင်ကိုတည် ၍သူ၏တဲတော်ကိုငါဖြန့်မည်။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 43
Cross References
1 Kings 20:12ဗင်္ဟာဒဒ်သည်မိမိ၏မဟာမိတ်မင်းများနှင့် အတူ သူတို့၏တဲရှင်များတွင်သေရည်သေ ရက်သောက်လျက် နေစဉ်အာဟပ်၏ပြန်ကြား ချက်ကိုကြားသိရလေသည်။ ထိုအခါသူ သည်မိမိ၏စစ်သည်တော်များအား ရှမာရိ မြို့ကိုတိုက်ခိုက်ရန်အမိန့်ပေးသဖြင့်သူတို့ သည်နေရာယူကြကုန်၏။
Psalms 18:11ကိုယ်တော်သည်မိမိကိုယ်ကိုအမှောင်ဖြင့် ဖုံးလွှမ်းတော်မူ၏။ ကိုယ်တော်၏ပတ်လည်တွင်ရေဖြင့်ပြည့်လျက် ထူထပ်သောမိုးတိမ်များရှိ၏။
Psalms 31:20လူတို့၏လျှို့ဝှက်ကြံစည်မှုမှ ကင်းလွတ်စေအံ့သောငှာအထံတော်၌ ခိုလှုံကြသူတို့ကိုကိုယ်တော်ရှင်သည် အထံတော်တွင်လုံခြုံစွာဝှက်၍ထားတော်မူ ပါ၏။ ရန်သူများ၏စော်ကားမှုများမှကင်းလွတ်စေရန် သူတို့ကိုလုံခြုံရာအရပ်တွင်ဝှက်၍ ထားတော်မူပါ၏။
Jeremiah 1:15ငါသည်မြောက်အရပ်ရှိလူမျိုးတကာကို ခေါ်ယူလျက်နေ၏'' ဟုထာဝရဘုရားမိန့် တော်မူ၏။ သူတို့၏ဘုရင်များသည်လာ၍ မိမိတို့ရာဇပလ္လင်ကို ယေရုရှလင်မြို့ပတ် လည်နှင့်မြို့တံခါးများအနီး၌လည်း ကောင်း၊ ယုဒမြို့တို့၏ပတ်ဝန်းကျင်၌လည်း ကောင်းတည်ထားကြလိမ့်မည်။-
Jeremiah 27:6လူမျိုးတကာတို့အားငါ၏အစေခံနေ ဗုခဒ်နေဇာ၏လက်အောက်သို့ကျရောက်စေ သူမှာငါပင်ဖြစ်၏။ ငါသည်တောတိရစ္ဆာန် များကိုပင်လျှင်သူ၏အစေကိုခံစေလေ ပြီ။-
Jeremiah 46:27``ငါ၏လူမျိုးတော်တို့၊မကြောက်ကြနှင့်။ ဣသရေလ ပြည်သားတို့၊ထိတ်လန့်တုန်လှုပ်မှုမဖြစ် ကြနှင့်။ သုံ့ပန်းများအဖြစ်နှင့်သင်တို့သေရကြ သောပြည်၊ ထိုဝေးလံသောပြည်မှသင်တို့အားငါကယ် ဆယ်မည်။ သင်တို့သည်ပြန်လာ၍ငြိမ်းချမ်းစွာနေထိုင် ရကြလိမ့်မည်။ ဘေးမဲ့လုံခြုံမှုရှိလိမ့်မည်။ အဘယ်သူမျှသင်တို့အားကြောက်လန့် စေလိမ့်မည်မဟုတ်။