Joel 1:6
ကျိုင်းကောင်အုပ်ကြီးသည်ငါတို့ပြည်ကိုတိုက်ခိုက်လှလေပြီ။ သူတို့သည်အားအင်ကြီး၍မရေမတွက်နိုင်အောင်များပြားကြ၏။ သူတို့၏သွားများသည်ခြင်္သေ့သွားကဲ့သို့ထက်မြက်၏။
Common Language Bible
In The King James Version
In Context
Cross References
Proverbs 30:14ဆင်းရဲသောသူတို့ကို မြေကြီးပေါ်က၎င်း၊ ငတ်မွတ်သောသူတို့ကို လူစုထဲက၎င်း၊ ကိုက်စားပယ်ရှင်း စရာဘို့ သန်လျက်နှင့်တူသောသွား၊ ထားနှင့်တူသော အံနှင့် ပြည့်စုံသော လူတမျိုးရှိ၏။
Isaiah 8:8အာရှုရိဘုရင်နှင့်တပ်မတော်တည်းဟူသော မြစ်လျှံရေတို့သည် ယုဒပြည်တစ်လျှောက်လုံး သို့ဆင်းဝင်ကာ ခပ်သိမ်းသောအရာတို့ကိုလူ တို့လည်မျိုလောက်တိုင်အောင်လွှမ်းမိုးကြ လိမ့်မည်'' ဟုငါ့အားမိန့်တော်မူ၏။ အို ဧမာနွေလဘုရားသခင်သည်ငါတို့နှင့် အတူရှိတော်မူပါသည်တကား။ ကိုယ်တော် သည်မိမိမေတ္တာအတောင်တော်ကိုဖြန့်၍ ငါ တို့ပြည်ကိုကွယ်ကာစောင့်ရှောက်တော်မူ၏။
Hosea 9:3ဧဖရိမ်ပြည်သားတို့သည်ထာဝရဘုရား ၏ပြည်တွင်မနေရတော့ဘဲအီဂျစ်ပြည် သို့ပြန်ရကြမည်။ အာရှုရိပြည်တွင်လည်း တားမြစ်ထားသောအစားအစာကိုစား ကြရမည်။-
Joel 2:25သင်တို့၏သီးနှံများကိုကျိုင်းကောင်အုပ်တို့ ကိုက်စားလိုက်သည့်နှစ်များက၊ သင်တို့ဆုံးရှုံးမှုကိုငါပြန်လည်ပေး လျော်မည်။ သင်တို့ထံသို့ထိုကျိုင်းကောင်အုပ်များကို စေလွှတ်သူမှာငါပင်ဖြစ်၏။