The Bible Software
bible.software › Joel › Joel 1 › Joel 1:7

Joel 1:7

သူ​တို့​သည်​ငါ​တို့​၏​စ​ပျစ်​နွယ်​များ​ကို​ဖျက်​ဆီး​ကာ၊ ငါ​တို့​သ​ဖန်း​ပင်​များ​ကို​ကိုက်​ဖြတ်​ပစ်​ကြ​၏။ သူ​တို့​သည်၊အ​ကိုင်း​အ​ခက်​များ​ဖြူ​သွား​သည်​တိုင်​အောင်၊ သစ်​ခေါက်​များ​ကို​အ​ကုန်​အ​စင်​သုတ်​သင်​ပယ်​ရှင်း​ကြ​လေ​ပြီ။

Common Language Bible

In The King James Version

He hath laid my vine waste, and barked my fig tree: he hath made it clean bare, and cast it away; the branches thereof are made white.

In Context

6ကျိုင်း​ကောင်​အုပ်​ကြီး​သည်​ငါ​တို့​ပြည်​ကို​တိုက်​ခိုက်​လှ​လေ​ပြီ။ သူ​တို့​သည်​အား​အင်​ကြီး​၍​မ​ရေ​မ​တွက်​နိုင်​အောင်​များ​ပြား​ကြ​၏။ သူ​တို့​၏​သွား​များ​သည်​ခြင်္သေ့​သွား​ကဲ့​သို့​ထက်​မြက်​၏။

8အ​ချင်း​လူ​တို့​သင်​တို့​သည်​ကြင်​ယာ​လောင်း​သေ​သ​ဖြင့်၊ ငို​ကြွေး​မြည်​တမ်း​သည့်​အ​မျိုး​သ​မီး​က​လေး​ကဲ့​သို့​ငို​ကြွေး​မြည်​တမ်း​ကြ​လော့။

Read all of Joel 1

Cross References

Exodus 10:15ကျိုင်း​ကောင်​များ​သည်​မြေ​တစ်​ပြင်​လုံး​ကို ဖုံး​လွှမ်း​သ​ဖြင့် မြေ​ပြင်​သည်​ကျိုင်း​ကောင်​များ ဖြင့်​မည်း​နက်​လျက်​ရှိ​၏။ ယင်း​တို့​သည်​တိုင်း ပြည်​၌​မိုး​သီး​ဒဏ်​ကြောင့်​မ​ပျက်​စီး​ဘဲ ကျန် ကြွင်း​သ​မျှ​သော​အ​ပင်​နှင့်​သစ်​သီး​တို့​ကို စား​ကြ​၏။ အီ​ဂျစ်​ပြည်​တစ်​လျှောက်​လုံး​တွင် အ​ပင်​ကြီး​ငယ်​တို့​၌​အ​ရွက်​စိမ်း​ဟူ​၍ မ​ကျန်​တော့​ချေ။

Isaiah 5:6ငါ​သည်​ထို​စ​ပျစ်​ဥ​ယျာဉ်​ကို​ပေါင်း​ပင်​များ နှင့်​ပြည့်​နှက်​နေ​စေ​မည်။ စ​ပျစ်​ခက်​တို့​ကို​ရှင်း လင်း​၍​မြေ​ကို​တူး​ဆွ​၍​ပေး​လိမ့်​မည်​မ​ဟုတ်။ ဆူး​ပင်​အ​မျိုး​မျိုး​ကို​ပေါက်​စေ​မည်။ ထို​ဥ​ယျာဉ် အ​ပေါ်​သို့​မိုး​မ​ရွာ​စေ​ရန် မိုး​တိမ်​များ​ကို​ပင် ငါ​ပိတ်​ပင်​ဆီး​တား​မည်'' ဟု​မြွက်​ဆို​၏။

Isaiah 32:12သီး​နှံ​ကောင်း​စွာ​ထွက်​သည့်​လယ်​ယာ​များ​နှင့် စ​ပျစ်​ဥ​ယျာဉ်​များ​သည်​ပျက်​စီး​သွား​ပြီ ဖြစ်​သ​ဖြင့်​လည်း​ကောင်း၊ ငါ့​အ​မျိုး​သား တို့​၏​မြေ​ယာ​များ​ကို ဆူး​ခြုံ​အ​မျိုး​မျိုး ဖုံး​လွှမ်း​လျက်​နေ​ပြီ​ဖြစ်​သ​ဖြင့်​လည်း​ကောင်း၊ သင်​တို့​သည်​ကြေ​ကွဲ​ဝမ်း​နည်း​လျက်​မိ​မိ​တို့ ရင်​ပတ်​များ​ကို​တီး​ခတ်​ကြ​လော့။ ယ​ခင် အ​ခါ​က​လူ​တို့​ပျော်​ရွှင်​စွာ​နေ​ထိုင်​ခဲ့​ကြ သည့်​အိမ်​များ​နှင့် စည်​ကား​သိုက်​မြိုက်​စွာ​ရှိ နေ​ခဲ့​သည့်​မြို့​၏​အ​တွက်​ငို​ကြွေး​ကြ​လော့။-

Hosea 2:12သူ​၏​ချစ်​သူ​များ​က​သူ့​အား​လက်​ဆောင် အ​ဖြစ်​ပေး​သည်​ဟု​ဆို​သော​စ​ပျစ်​ပင်​နှင့် သ​ဖန်း​ပင်​များ​ကို​ငါ​ဖျက်​ဆီး​မည်။ ငါ​သည် သူ​၏​စ​ပျစ်​ခြံ​နှင့်​သစ်​သီး​ခြံ​တို့​ကို​သား​ရဲ များ​ကိုက်​ဖြတ်​ဖျက်​ဆီး​သ​ဖြင့် ချုံ​နွယ်​ပိတ် ပေါင်း​ထူ​သော​အ​ရပ်​ဖြစ်​စေ​မည်။-

Amos 4:9``ငါ​သည်​လေ​ပူ​ကို​တိုက်​ခတ်​စေ​၍​သင်​တို့ ၏​ကောက်​ပင်​များ​နွမ်း​ခြောက်​စေ​ခဲ့​၏။ သင်​တို့ ၏​သ​ဖန်း​ပင်၊ သံ​လွင်​ပင်၊ စ​ပျစ်​ဥ​ယျာဉ်​နှင့် ကိုင်း​ကျွန်း​လယ်​ယာ​တို့​သည် ကျိုင်း​ကောင်​များ ဒဏ်​ကို​ခံ​ခဲ့​ရ​ပြီ။ သို့​သော်​လည်း​သင်​တို့​သည် ငါ့​ထံ​သို့​ပြန်​မ​လာ​ဘဲ​နေ​ကြ​လေ​ပြီ။

Malachi 3:11ငါ​သည်​ပိုး​မွှား​များ​အား​သင်​တို့​အ​သီး အ​နှံ​များ​ကို​ဖျက်​ဆီး​ခွင့်​ပြု​လိမ့်​မည် မ​ဟုတ်။ သင်​တို့​၏​စ​ပျစ်​နွယ်​များ​သည် လည်း​အ​သီး​များ​နှင့်​ပြည့်​လျက်​နေ​လိမ့် မည်။-''

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Joel 1:7

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Joel 1:6Joel 1Joel 1:8 →