ရှင်ယောဟန်ခရစ်ဝင် 13:5
ထိုနောက်ဇလုံတွင်ရေထည့်၍တပည့်တော်တို့ ၏ခြေကိုဆေးပြီးလျှင် ခါးတွင်စည်းထားသော ပဝါနှင့်သုတ်တော်မူ၏။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 13
Cross References
Genesis 19:2အကျွန်ုပ်သည်အရှင်တို့အားဧည့်ဝတ်ပြုပါရစေ။ အကျွန်ုပ်အိမ်သို့ကြွတော်မူကြပါ။ ခြေကိုဆေး၍ညအိပ်တည်းခိုကြပါ။ နံနက်စောစောထ၍ခရီးဆက်ကြပါ'' ဟုခေါ်ဖိတ်လေ၏။ သို့ရာတွင်ကောင်းကင်တမန်တို့က``ငါတို့သည် အပြင်လမ်းမပေါ်၌သာနေပါမည်'' ဟုဆိုလေ၏။
Leviticus 14:8ရောဂါပျောက်ကင်းသူသည်မိမိအဝတ် များကိုဖွပ်လျှော်၍ ကိုယ်ပေါ်မှအမွေးရှိ သမျှကိုရိတ်ပြီးလျှင်ရေချိုးရမည်။ ထို အခါသူသည်ဘာသာရေးထုံးနည်းအရ သန့်စင်သဖြင့် စခန်းအတွင်းသို့ပြန်ဝင် နိုင်သည်။ သို့ရာတွင်သူ၏တဲအပြင်၌ ခုနစ်ရက်နေထိုင်ရမည်။-
2 Kings 3:11ယောရှဖတ်မင်းက``ထာဝရဘုရားအားမေး လျှောက်ပေးမည့်ပရောဖက်တစ်ပါးမျှ ဤအရပ် တွင်မရှိပါသလော'' ဟုမေး၏။ ယောရံ၏တပ်များမှတပ်မှူးတစ်ယောက်က``ရှာ ဖတ်၏သားဧလိရှဲရှိပါသည်။ သူသည်ဧလိယ ၏လက်ထောက်ဖြစ်ခဲ့ဖူးပါ၏'' ဟုလျှောက်လေ၏။
Psalms 51:2ကျွန်တော်မျိုး၏ဒုစရိုက်အညစ်အကြေးကို အကုန်အစင်ဆေးကြောတော်မူ၍ ကျွန်တော်မျိုးအားအပြစ်မှသန့်စင်စေ တော်မူပါ။
Ezekiel 36:25ငါသည်သင်တို့ကိုသန့်စင်သောရေဖြင့်ပက် ဖြန်း၍ သင်တို့၏ရုပ်တုများနှင့်အခြား ညစ်ညမ်းသည့်အရာရှိသမျှမှသန့်စင် သွားစေမည်။-
Luke 7:38သူ၏မျက်ရည်သည်ကိုယ်တော်၏ခြေများ အပေါ်သို့ကျသည်ရှိသော်မိမိ၏ဆံပင် ဖြင့်သုတ်၏။ ထိုနောက်ထိုအမျိုးသမီးသည် ကိုယ်တော်၏ခြေများကိုနမ်းရှုပ်ပြီးလျှင် ဆီမွှေးဖြင့်သုတ်လိမ်းလျက်နေ၏။-