ရှင်ယုဒဩဝါဒစာ 1:13
ပြင်းထန်လှသည့်ပင်လယ်လှိုင်းတံပိုးနှင့် လည်းတူကြ၏။ ပင်လယ်လှိုင်းတံပိုးများမှ ရေမြှုပ်များကဲ့သို့ သူတို့၏ရှက်ဖွယ်ကောင်း သည့်အကျင့်များသည်ပေါ်လွင်လျက်ရှိ၏။ သူတို့သည်လမ်းကြောင်းအတည်တကျ မရှိသည့်ကြယ်ပျံနှင့်လည်းတူကြ၏။ သူ တို့အတွက်ဘုရားသခင်သည်အမှောင် မိုက်ဆုံးဖြစ်သည့်အောက်အရပ်တွင် ထာဝစဉ် နေရာသတ်မှတ်၍ထားတော်မူသတည်း။
Common Language Bible
In The King James Version
In Context
Cross References
Psalms 93:3အို ထာဝရဘုရား၊ သမုဒ္ဒရာသည်အသံကိုဟစ်၍အော်ပါ၏။ သမုဒ္ဒရာလှိုင်းတံပိုးသံသည်မြည်ဟည်းပါ၏။
Jeremiah 5:22ငါသည်ထာဝရဘုရားဖြစ်၏။ သင်တို့သည်အဘယ်ကြောင့်ငါ့ကိုမကြောက်ကြသနည်း။ ငါ၏ရှေ့တော်၌အဘယ်ကြောင့်မတုန်မလှုပ်ကြသနည်း။ ငါသည်ပင်လယ်အတွက်နယ်နိမိတ်၊ ပင်လယ်ရေမကျော်မဖြတ်နိုင်သည့်အမြဲတမ်းနယ်နိမိတ်ကိုသဲများဖြင့်သတ်မှတ်ထား၏။ ပင်လယ်သည်လှိုင်းတံပိုးထနိုင်သော်လည်း ထိုနယ်နိမိတ်ကိုမဖြတ်မကျော်နိုင်။ လှိုင်းတံပိုးတို့သည်ထ၍မြည်ဟည်းသော်လည်း ထိုနယ်စပ်ကိုမကျော်မလွန်နိုင်။-
2 Timothy 3:13ဆိုးညစ်သူများ၊ အယောင်ဆောင်လှည့်စားသူ များသည်ဆိုးယုတ်သည်ထက်ပိုမိုယုတ်စွာပြု ကျင့်လာကြလိမ့်မည်။ သူတို့သည်သူတစ်ပါး တို့အားလှည့်စား၍မိမိတို့ကိုယ်တိုင်လည်း အလှည့်စားခံရလိမ့်မည်။-
Revelation 8:10တတိယကောင်းကင်တမန်တံပိုးခရာမှုတ် လိုက်သောအခါ ကြယ်ကြီးတစ်လုံးသည်မီး လျှံထနေသောမီးရှူးတိုင်ကဲ့သို့ ကောင်းကင် မှမြစ်များသုံးပုံတစ်ပုံနှင့်စမ်းပေါက်များ အပေါ်သို့ကျလေ၏။-
Revelation 20:10သူတို့အားမှောက်မှားလမ်းလွဲစေသူစာတန် သည်လည်း ကန့်မီးအိုင်ထဲသို့ပစ်ချခြင်းကို ခံရလေ၏။ ထိုအိုင်ထဲသို့သားရဲနှင့်မိစ္ဆာပရော ဖက်တို့ပစ်ချခြင်းခံရပြီးဖြစ်သည်။ သူတို့ သည်ကမ္ဘာအဆက်ဆက်နေ့ရောညဥ့်ပါ ညှဉ်းပန်းနှိပ်စက်ခြင်းကိုခံရကြလတ္တံ့။