Psalms 74:7
သူတို့သည်ကိုယ်တော်ရှင်၏ဗိမာန်တော်ကို မီးရှို့ကြပါ၏။ ကိုယ်တော်ရှင်အားကိုးကွယ်ဝတ်ပြုရာဌာနတော်ကို ဖြိုဖျက်၍ညစ်ညမ်းစေကြပါ၏။
Common Language Bible
In The King James Version
In Context
Cross References
Leviticus 26:31သင်တို့၏မြို့များကိုဖြိုဖျက်၍ သင်တို့ဝတ်ပြု ကိုးကွယ်ရာဌာနများကိုပျက်စီးစေမည်။ သင် တို့၏ယဇ်ပူဇော်ခြင်းကိုငါလက်မခံ။-
1 Kings 8:20``ယခုအခါထာဝရဘုရားသည် ထိုကတိ တော်ကိုအကောင်အထည်ပေါ်လွင်စေတော်မူ ပြီ။ ငါသည်ခမည်းတော်ဒါဝိဒ်၏အရိုက် အရာကိုဆက်ခံ၍နန်းတက်ပြီးလျှင် ဣသ ရေလအမျိုးတို့၏ဘုရားသခင်ထာဝရ ဘုရားအားကိုးကွယ်ဝတ်ပြုရန် ဗိမာန်တော် ကိုတည်ဆောက်၍ပြီးလေပြီ။-
2 Chronicles 36:19သူသည်ဗိမာန်တော်နှင့်မြို့တော်ကိုမီးရှို့ လျက်ယေရုရှလင်မြို့ရိုးတို့ကိုဖြိုဖျက်၍ နန်းတော်အဆောက်အအုံများကိုအဖိုး တန်ပစ္စည်းများနှင့်အတူမီးရှို့ဖျက်ဆီး တော်မူ၏။-
Isaiah 64:11ကျွန်တော်မျိုးတို့၏ဗိမာန်တော်၊ ကိုယ်တော် ရှင်အားကျွန်တော်မျိုးတို့ဘိုးဘေးများ ထောမနာပြုရာ မြင့်မြတ်တင့်တယ်သန့်ရှင်း သည့်ဌာနတော်သည်မီးသင့်လောင်၍သွား ပါပြီ။ ကျွန်တော်မျိုးတို့ချစ်မြတ်နိုးသည့် အဆောက်အဦမှန်သမျှသည်လည်း ယိုယွင်းပျက်စီးလျက်ရှိပါ၏။-
Lamentations 2:2ထာဝရဘုရားသည်သနားကရုဏာကင်းမဲ့စွာ ယုဒရွာရှိသမျှကိုဖျက်ဆီးတော်မူ၍ ယုဒပြည်ကိုကာကွယ်သည့်ခံတပ်များကို ဖြိုချတော်မူ၏။ ကိုယ်တော်သည်နိုင်ငံနှင့်အုပ်စိုးသူမင်းများကို အသရေပျက်စေတော်မူ၏။
Ezekiel 7:24ငါသည်အဆိုးညစ်ဆုံးသောလူမျိုးတို့အား ဤအရပ်သို့ခေါ်ဆောင်၍ သင်တို့၏နေအိမ် များကိုသိမ်းယူစေမည်။ ထိုသူတို့အားသင် တို့ကိုးကွယ်ဝတ်ပြုရာဌာနများကိုညစ် ညမ်းစေရန် ငါအခွင့်ပေးသောအခါခွန် အားကြီးသူတို့သည်အားလျော့စိတ်ပျက် ကြလိမ့်မည်။-