ရှင်မာကုခရစ်ဝင် 12:6
ဥယျာဉ်ရှင်မှာတစ်ဦးတည်းသောချစ်သားကို သာစေလွှတ်ရန်ကျန်တော့၏။ သို့ဖြစ်၍သူသည် `ငါ့သားကိုထိုသူတို့လေးစားကြရာ၏' ဟု ဆိုလျက်နောက်ဆုံးတွင်မိမိ၏သားကိုစေလွှတ် လိုက်၏။-
Common Language Bible
In The King James Version
In Context
Read all of ရှင်မာကုခရစ်ဝင် 12
Cross References
Genesis 22:2ထိုအခါဘုရားသခင်က``သင်အလွန်ချစ်သော သင်၏တစ်ဦးတည်းသောသားဣဇာက်ကိုခေါ်ဆောင် ၍မောရိပြည်သို့သွားလော့။ ထိုအရပ်တွင်ငါပြ မည့်တောင်ပေါ်၌သူ့ကိုယဇ်ကောင်အဖြစ်ဖြင့် ငါ့အားပူဇော်လော့'' ဟုအမိန့်ပေးတော် မူ၏။
Genesis 37:3ယာကုပ်သည်အသက်အရွယ်ကြီးမှယောသပ် ကိုရခြင်းကြောင့်အခြားသားများထက်သူ့ အားပို၍ချစ်၏။ သူသည်ယောသပ်အတွက် ထူးခြားစွာတန်ဆာဆင်ထားသောဝတ်ရုံ ကိုချုပ်ပေး၏။-
Genesis 44:20ကျွန်တော်တို့ကအသက်အရွယ်အိုမင်းသော ဖခင်ရှိပါသည်။ ဖခင်အသက်ကြီးမှရသော ညီတစ်ယောက်လည်းရှိပါသေးသည်။ ထိုသူငယ် ၏အစ်ကိုအရင်းသေဆုံးပြီဖြစ်သောကြောင့် သူ၏မိခင်ဖွားသည့်သားများအနက်ဤ သားတစ်ယောက်တည်းသာကျန်ရှိပါသည်။ သူ၏ဖခင်ကသူ့အားအလွန်ချစ်ပါသည်' ဟုပြောကြားခဲ့ပါသည်။-
Psalms 2:12တုန်လှုပ်လျက်ရှေ့တော်တွင်ဦးညွှတ်ပျပ်ဝပ်ကြလော့။ ယင်းသို့မပြုပါမူကိုယ်တော်သည် အမျက်တော်ထွက်တော်မူသဖြင့် သင်တို့သည်မုချသေကြေပျက်စီးကြလိမ့်မည်။ ကိုယ်တော်ထံတော်သို့ချဉ်းကပ်ခိုလှုံသူ အပေါင်းတို့သည်မင်္ဂလာရှိကြ၏။
Matthew 1:23ဗျာဒိတ်တော်ကား ``အပျိုကညာသည်ကိုယ်ဝန် ဆောင်၍သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထို သားကိုဧမာနွေလ ဟုခေါ်ဝေါ်သမုတ်ကြလိမ့်မည်'' ဟူ၍ဖြစ်သတည်း။
Matthew 11:27ထိုနောက်ကိုယ်တော်က ``ငါ့ခမည်းတော်သည်ခပ်သိမ်း သောအရာတို့ကိုငါ့အားပေးအပ်ထားတော်မူလေပြီ။ ခမည်းတော်မှတစ်ပါးအခြားမည်သူမျှသားတော်ကို မသိ။ ခမည်းတော်ကိုလည်းသားတော်နှင့်သားတော် ဖွင့်ပြလိုသူများမှတစ်ပါးအခြားမည်သူမျှ မသိ။