ရှင်မာကုခရစ်ဝင် 8:21
ကိုယ်တော်က ``သို့ဖြစ်ပါလျက်သင်တို့သည် ယခု တိုင်အောင်မသိနားမလည်ဘဲရှိနေကြသေး သလော'' ဟုမေးတော်မူ၏။
Common Language Bible
In The King James Version
And he said unto them, How is it that ye do not understand?
In Context
Cross References
Psalms 94:8ငါ၏လူစုတော်တို့၊သင်တို့သည်အဘယ် သို့လျှင် ဤမျှအသိဉာဏ်တုံးလျက်မိုက်မဲ၍ နေနိုင်ကြပါသနည်း။ အဘယ်အခါကျမှတတ်သိလိမ္မာ၍ လာကြပါမည်နည်း။
Mark 6:52အဘယ်ကြောင့်ဆိုသော်မုန့်ကိုကိုယ်တော်ကျွေး တော်မူစဉ်က မိမိတို့တွေ့မြင်ခဲ့ရသည့်အံ့သြ ဖွယ်အခြင်းအရာ၏အနက်အဋ္ဌိပ္ပါယ်ကိုသူ တို့နားမလည်ခဲ့ကြသောကြောင့်တည်း။ သူတို့ ၏အသိဉာဏ်သည်နားလည်နိုင်စွမ်းမရှိ။
Mark 8:17ယင်းသို့ပြောဆိုနေသည်ကိုသခင်ယေရှုသိ တော်မူလျှင် ``သင်တို့သည်စားစရာမပါသည့် အဖြစ်ကိုအဘယ်ကြောင့်ပြောဆိုနေကြသနည်း။ ယခုတိုင်အောင်မသိနားမလည်သေးသလော။ သင်တို့၏အသိဉာဏ်သည်အဘယ်ကြောင့်ဤမျှ ထိုင်းမှိုင်းနေသနည်း။-
John 14:9သခင်ယေရှုက ``ဖိလိပ္ပု၊ ငါသည်သင်တို့နှင့် အတူဤမျှကြာအောင်နေခဲ့ပြီးဖြစ်ပါ လျက်ငါ့ကိုသင်မသိပါသလော။ ငါ့ကို တွေ့မြင်ရသူသည်ခမည်းတော်ကိုဖူးမြင် ရ၏။ ခမည်းတော်အားအကျွန်ုပ်တို့ကိုပြ တော်မူပါဟုအဘယ်ကြောင့်ဆိုသနည်း။-
1 Corinthians 15:34အမြင်မှန်ရကြလော့။ ဆက်လက်၍အပြစ် မကူးကြနှင့်။ သင်တို့တွင်အချို့သောသူတို့ သည်ဘုရားသခင်ကိုမသိကြ။ ဤသို့ငါ ဆိုရာ၌သင်တို့အရှက်ရစေရန်အတွက် ဖြစ်၏။