ရှင်မာကုခရစ်ဝင် 8:22
ကိုယ်တော်နှင့်တပည့်တော်တို့သည်ဗက်ဇဲဒရွာ သို့ရောက်ကြ၏။ ထိုအခါလူတို့သည်မျက်မမြင် တစ်ယောက်ကိုအထံတော်သို့ခေါ်ခဲ့ပြီးလျှင် ထို သူအားလက်တော်နှင့်တို့ထိတော်မူရန် တောင်းပန်ကြ၏။-
Common Language Bible
In The King James Version
And he cometh to Bethsaida; and they bring a blind man unto him, and besought him to touch him.
In Context
Cross References
Matthew 8:15ကိုယ်တော်သည်ထိုအမျိုးသမီး၏လက်ကိုတို့ထိ တော်မူလျှင် သူမသည်အဖျားပျောက်သွားသဖြင့် ထ၍ကိုယ်တော်အားဧည့်သည်ဝတ်ပြုလေ၏။
Matthew 11:21``အို ခေါရာဇိန်မြို့၊ သင်သည်အမင်္ဂလာရှိ၏။ အို ဗက်ဇဲ ဒမြို့၊ သင်သည်အမင်္ဂလာရှိ၏။ သင်တို့တွင်ငါပြုခဲ့ သည့်အံ့ဖွယ်အမှုအရာများကိုတုရုနှင့်ဇိဒုံမြို့ တို့တွင်သာပြုခဲ့ပါမူ ထိုမြို့တို့သည်ရှေးမဆွကပင် လျှင်လျှော်တေကိုဝတ်၍ပြာနှင့်လူးလျက်နောင်တ ရကြလိမ့်မည်။-
Mark 5:27သူသည်သခင်ယေရှု၏အကြောင်းကိုကြားသိ သဖြင့် ``ကိုယ်တော်၏အဝတ်တော်ကိုလက်နှင့် တို့ထိရလျှင်ငါ၏ရောဂါပျောက်လိမ့်မည်'' ဟု တစ်ကိုယ်တည်းပြောဆိုလျက်လူအပေါင်းတို့ ကြားမှတိုးဝင်ကာ ကိုယ်တော်၏နောက်သို့ရောက် ရှိလာ၏။-
Mark 6:55ပတ်ဝန်းကျင်အရပ်ရပ်သို့ပြေး၍ လူနာများ ကိုထမ်းစင်များနှင့်ဆောင်ခဲ့ကြ၏။-
Luke 10:13``အို ခေါရာဇိန်မြို့၊ သင်သည်အမင်္ဂလာရှိ၏။ အို ဗက်ဇဲဒမြို့၊ သင်သည်လည်းအမင်္ဂလာရှိ၏။ သင်တို့တွင်ပြုခဲ့သည့်အံ့ဖွယ်အမှုအရာများ ကိုတုရုနှင့်ဇိဒုံမြို့တွင်သာပြုခဲ့ပါမူ ထိုမြို့ တို့သည်ရှေးမဆွကပင်လျှော်တေကိုဝတ်၍ ပြာ ထဲမှာထိုင်လျက်နောင်တရပြီးဖြစ်လိမ့်မည်။-
John 12:21သူတို့သည် (ဂါလိလဲပြည်ဗက်ဇဲဒမြို့သားဖြစ် သူ) ဖိလိပ္ပုထံသို့သွားကြ၍ ``ဆရာ၊ အကျွန်ုပ် တို့သည်သခင်ယေရှုကိုမြင်လိုပါသည်'' ဟု ပြောကြားကြ၏။