ရှင်မဿဲခရစ်ဝင် 5:9
``ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်သော သူတို့သည်မင်္ဂလာရှိကြ၏။ ထိုသူတို့သည်ဘုရားသခင်၏သားများဟု အခေါ်ခံရကြလတ္တံ့။
Common Language Bible
In The King James Version
Blessed are the peacemakers: for they shall be called the children of God.
In Context
Cross References
1 Chronicles 12:17ဒါဝိဒ်မင်းသည်သူတို့အားခရီးဦးကြိုပြု လျက်``သင်တို့သည်မိတ်ဆွေအဖြစ်ဖြင့်ငါ့ ကိုကူညီရန်လာရောက်ကြခြင်းဖြစ်ပါမူ ငါသည်သင်တို့အားကြိုဆိုလက်ခံပါ၏။ ငါတို့ဘက်သို့ဝင်ကြလော့။ သို့ရာတွင်သင် တို့သည်ငါ့အားရန်သူများလက်သို့အပ် ရန်လာလျှင်မူကား ငါသည်သင်တို့အား အနာတရပြုမည်မဟုတ်သော်လည်း ငါ တို့ဘိုးဘေးများ၏ဘုရားသည်သင်တို့ပြု သည့်အမှုကိုမြင်တော်မူ၍ သင်တို့အား အပြစ်ဒဏ်စီရင်တော်မူလိမ့်မည်'' ဟုဆို၏။
Psalms 82:6သင်တို့သည်ဘုရားများဖြစ်ကြောင်း၊ အမြင့်မြတ်ဆုံးဖြစ်တော်မူသောဘုရား၏ သားများ ဖြစ်ကြောင်းကိုငါဖော်ပြခဲ့၏။
Psalms 122:6``သင့်ကိုချစ်မြတ်နိုးသူတို့သည်ကောင်းစား ကြပါစေသော။ သင်၏မြို့ရိုးများအတွင်း၌ငြိမ်းချမ်းသာယာ မှုရှိ၍ သင်၏နန်းတော်များအတွင်း၌ဘေးမဲ့လုံခြုံမှု ရှိပါစေသော'' ဟု ယေရုရှလင်မြို့၏ငြိမ်းချမ်းသာယာရေးအတွက် ဆုတောင်းပတ္ထနာပြုကြလော့။
Matthew 5:48ကောင်းကင်ဘုံရှင်သင်တို့၏အဖသည်ကောင်းမြတ် စုံလင်တော်မူသကဲ့သို့သင်တို့သည်လည်းကောင်း မြတ်စုံလင်ကြလော့။
Luke 20:36သူတို့သည်ကောင်းကင်တမန်များကဲ့သို့ဖြစ် သဖြင့်သေနိုင်ကြမည်မဟုတ်။ သူတို့သည် သေခြင်းမှရှင်ပြန်ထမြောက်စေသူများဖြစ် သောကြောင့်ဘုရားသခင်၏သားများဖြစ် ကြ၏။
Romans 8:14ဘုရားသခင်၏ဝိညာဉ်တော်ရှေ့ဆောင်လမ်းပြ မှုကိုခံယူသောသူတို့သည် ဘုရားသခင်၏ သားများဖြစ်ကြ၏။-