ရှင်မဿဲခရစ်ဝင် 8:22
သို့သော်ကိုယ်တော်က ``သင်သည်ငါနောက်ကို လိုက်လော့။ သူသေတို့အားသူသေတို့ပင်သင်္ဂြိုဟ် ကြပါလေစေ'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
But Jesus said unto him, Follow me; and let the dead bury their dead.
In Context
Cross References
Matthew 9:9သခင်ယေရှုသည်ထိုအရပ်မှထွက်၍ကြွ သွားတော်မူစဉ် အကောက်ခွန်ရုံးခန်းတွင်ထိုင် လျက်နေသောမဿဲဆိုသူလူတစ်ယောက်ကို မြင်တော်မူ၏။ ကိုယ်တော်က ``ငါ့နောက်သို့လိုက် လော့'' ဟုမိန့်တော်မူလျှင်ထိုသူသည်ထ၍ နောက်တော်သို့လိုက်လေ၏။
John 1:43နောက်တစ်နေ့၌ကိုယ်တော်သည်ဂါလိလဲပြည် သို့ကြွတော်မူရန် စိတ်ပိုင်းဖြတ်တော်မူ၏။ ဖိလိပ္ပု ကိုတွေ့လျှင် ``ငါ့နောက်သို့လိုက်လော့'' ဟုမိန့်တော် မူ၏။-
Ephesians 2:5ငါတို့အားမနာခံမှုအားဖြင့်ဝိညာဉ်ရေး အရသေလျက်ရှိနေရာမှ ခရစ်တော်နှင့်အတူ ရှင်ပြန်စေတော်မူ၏။ သင်တို့သည်ဘုရားသခင် ၏ကျေးဇူးတော်ကြောင့်သာလျှင် ကယ်တင်ခြင်း ကိုခံရကြပေသည်။-
Colossians 2:13သင်တို့သည်အခါတစ်ပါးကအပြစ်ကူး သူများဖြစ်ကြသောကြောင့်လည်းကောင်း၊ ပညတ် တရားမခံယူသောလူမျိုးခြားဖြစ်သော ကြောင့်လည်းကောင်း ဝိညာဉ်ရေးအရသေသူ များဖြစ်ကြ၏။ သို့ရာတွင်ဘုရားသခင်သည် သင်တို့အား ခရစ်တော်နှင့်အတူအသက်ရှင် စေတော်မူ၏။ ဘုရားသခင်သည်ငါတို့၏ အပြစ်ဟူသမျှကိုဖြေလွှတ်တော်မူ၍၊-