Nehemiah 2:13
ငါတို့သည်အနောက်ဘက်ရှိချိုင့်တံခါး မှထွက်၍ တောင်ဘက်နဂါးစမ်းတွင်းကိုဖြတ် ကာအမှိုက်ပုံတံခါးတိုင်အောင်လျှောက်သွား ကြ၏။ ထိုအခါ၌မိုးမလင်းသေးပေ။ ငါ သည်ဤသို့သွားရောက်လျက်ပြိုကျနေသော မြို့ရိုးများနှင့်မီးလောင်ပျက်စီးသွားသည့် မြို့တံခါးများကိုစစ်ဆေးကြည့်ရှု၏။-
Common Language Bible
In The King James Version
In Context
Cross References
Nehemiah 1:3သူတို့ကအသက်မသေဘဲကျန်ရှိကာ မိမိတို့ပြည်သို့ပြန်လည်ရောက်ရှိလာ သူတို့သည် များစွာဒုက္ခဆင်းရဲရောက်လျက်အနီးအနား တွင်နေထိုင်သူလူမျိုးခြားတို့၏အထင် သေးမှုကိုခံနေကြရကြောင်းငါ့အား ပြောကြားကြသည်။ ထို့ပြင်ယေရုရှလင် မြို့ရိုးများသည်ပြိုကျလျက်ပင်ရှိနေ သေးကြောင်းကိုလည်းကောင်း၊ မြို့တံခါး များကိုလည်းမီးလောင်ကျွမ်းချိန်မှစ၍ ယနေ့တိုင်အောင်ပြန်လည်မပြင်ဆင်ရ သေးကြောင်းကိုလည်းကောင်းပြောကြား ကြ၏။-
Nehemiah 2:15ငါသည်ကေဒြုန်ချိုင့်ဝှမ်းထဲသို့ဆင်း၍ မြည်းစီးပြီးလျှင်မြို့ရိုးကိုစစ်ဆေး ကြည့်ရှု၏။ ထိုနောက်လာလမ်းအတိုင်း ပြန်ပြီးလျှင်ချိုင့်ဝှမ်းတံခါးမှနေ၍ မြို့ထဲသို့ဝင်၏။
Nehemiah 3:13ဟာနုန်နှင့်ဇာနောမြို့သားတို့သည် ချိုင့် တံခါးကိုပြန်လည်တည်ဆောက်ပြီးလျှင် တံခါးရွက်များ၊ တံခါးပိတ်ရန်မင်းတုပ် များနှင့်ကန့်လန့်ကျင်များကိုတပ်ဆင်ကြ၏။ ထို့နောက်မြို့ရိုးပေတစ်ထောင့်ငါးရာကို အမှိုက်ပုံတံခါးတိုင်အောင်ပြင်ဆင်ကြ၏။
Nehemiah 12:31ငါသည်ယုဒခေါင်းဆောင်များအားမြို့ရိုးပေါ်တွင်စုရုံးစေပြီးလျှင် မြို့ကိုလှည့်လည်၍ကျေးဇူးတော်ကိုသီဆိုချီးမွမ်းရန်လူစုကြီးနှစ်စုကိုကြီးကြပ်စေ၏။ ပထမတစ်စုသည်အမှိုက်ပုံတံခါးသို့ဦးတည်လျက်မြို့ရိုးပေါ်တွင်လက်ယာရစ်လှည့်ကြ၏။-