တောလည်ရာကျမ်း 31:3
ထို့ကြောင့်မောရှေသည်ဣသရေလအမျိုးသား တို့အား``မိဒျန်အမျိုးသားတို့သည်ထာဝရ ဘုရားကိုပြစ်မှားကြသောကြောင့် သူတို့ကို တိုက်ခိုက်ချေမှုန်းရန်အသင့်ပြင်ကြလော့။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 17:16ထိုနောက်မောရှေက``ထာဝရဘုရား၏အလံ တော်ကိုမြှောက်ထားလော့။ ထာဝရဘုရားသည် အာမလက်အမျိုးသားတို့အားထာဝစဉ် တိုက်ခိုက်တော်မူမည်'' ဟုဆိုလေ၏။
Numbers 25:11``ဖိနဟတ်ပြုသောအမှုကြောင့်ငါ၏အမျက် ပြေပြီ။ သူသည်ငါမှတစ်ပါးအခြားသော ဘုရားအား ကိုးကွယ်မှုကိုသည်းမခံနိုင်။ သို့ ဖြစ်၍ငါသည်အမျက်ထွက်သဖြင့် ဣသရေလ အမျိုးသားအပေါင်းကိုမသုတ်သင်မဖျက် ဆီးခဲ့ချေ။-
Judges 5:2ဣသရေလအမျိုးသားတို့သည်တိုက်ပွဲဝင်ရန် သန္နိဋ္ဌာန်ချမှတ်ကြ၏။ ပြည်သူတို့ကလည်းစေတနာအလျောက် ဝမ်းမြောက်စွာပါဝင်ဆင်နွှဲကြ၏။ သို့ဖြစ်၍ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။
2 Kings 9:7ငါ၏ပရောဖက်များနှင့်အခြားအစေခံ များကိုသတ်သည့်အပြစ်အတွက် ယေဇဗေလ အားငါဒဏ်ခတ်နိုင်ရန်သင်သည် အာဟပ်၏ သား၊ သင့်အရှင်ဘုရင်မင်းအားလုပ်ကြံရမည်။-
Jeremiah 46:10ဤနေ့သည်အနန္တတန်ခိုးရှင်အရှင် ထာဝရဘုရား၏နေ့တော်ဖြစ်၏။ ကိုယ်တော်သည်ရန်သူတို့အားယနေ့ပင် လက်စားချေတော်မူမည်။ သူတို့အားအပြစ်ဒဏ်ခတ်တော်မူမည်။ ကိုယ်တော်၏ဋ္ဌားသည်သူတို့အသားကိုအဝ စား၍ သူတို့၏သွေးကိုအဝသောက်လိမ့်မည်။ ယနေ့အနန္တတန်ခိုးရှင်သည်ဥဖရတ်မြစ် အနီး မြောက်ဘက်ဒေသ၌ မိမိ၏ယဇ်ကောင်များကိုပူဇော်တော်မူ၏။