Psalms 124:7
ငါတို့သည်မုဆိုး၏ကျော့ကွင်းမှလွတ်မြောက် လာသော ငှက်ကဲ့သို့သေဘေးမှလွတ်မြောက်ကြလေပြီ။ ကျော့ကွင်းပြတ်၍ငါတို့လွတ်မြောက်ရကြ၏။
Common Language Bible
In The King James Version
In Context
Cross References
1 Samuel 23:26ရှောလုနှင့်တပ်သားများကတောင်တစ်ဘက် တွင်ရှိ၍ ဒါဝိဒ်နှင့်အပေါင်းပါတို့ကအခြား တစ်ဘက်တွင်ရှိကြ၏။ ရှောလုနှင့်တပ်သား တို့သည်ဒါဝိဒ်တို့လူစုအားဖမ်းမိခါနီး ပြီဖြစ်၍ ဒါဝိဒ်တို့လူစုသည်လွတ်မြောက် ရန်ကြိုးစားနေစဉ်၊-
1 Samuel 24:14ဣသရေလဘုရင်သည်မည်သူ့ကိုသတ်ဖြတ် ရန် လိုက်လံဖမ်းဆီးနေပါသနည်း။ ခွေးသေ ကောင်ခွေးလှေးတို့ကိုလော။-
2 Samuel 17:2မောပန်းစိတ်ပျက်နေချိန်၌သူ့အားအကျွန်ုပ် ဝင်ရောက်တိုက်ခိုက်ပါမည်။ ထိုအခါသူသည် ကြောက်လန့်သွားမည်ဖြစ်၍ သူ၏လူတို့သည် လည်းထွက်ပြေးကြပါလိမ့်မည်။ အကျွန်ုပ်သည် ဘုရင်တစ်ပါးတည်းကိုသာသတ်ပြီးလျှင်၊-
Psalms 25:15ကယ်မတော်မူရန်ငါသည်ထာဝရဘုရားအား အခါခပ်သိမ်းမျှော်ကြည့်၏။ ကိုယ်တော်သည်လည်းငါ့အားဘေးအန္တရာယ်မှ ကယ်ဆယ်တော်မူ၏။
Psalms 129:4သို့ရာတွင်ဖြောင့်မတ်တော်မူသောအရှင် ထာဝရဘုရားသည်ငါ့ကိုကျွန်ဘဝမှ လွတ်မြောက်စေတော်မူလေပြီ''
Jeremiah 5:26``ငါ၏လူမျိုးတော်အထဲ၌ ဆိုးညစ်သူများရှိ၏။ သူတို့သည်ထောင်ချောက်ဖြင့်ငှက်ဖမ်းသူများကဲ့သို့လူကိုဖမ်းရန်ချောင်းမြောင်းကြ၏။-