Psalms 126:2
ငါတို့သည်များစွာရယ်မောကြရလျက် ပျော်ရွှင်စွာသီချင်းဆိုကြရ၏။ ထိုအခါအခြားလူမျိုးတို့က ``ထာဝရဘုရားသည်ဤသူတို့အတွက် ကြီးမြတ်သောအမှုတို့ကိုပြုတော်မူပါသည် တကား'' ဟုဆိုကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Joshua 2:9``ထာဝရဘုရားသည်သင်တို့အားဤပြည်ကိုပေးတော်မူကြောင်းကျွန်မသိပါသည်။ ဤပြည်သားအပေါင်းတို့သည်သင်တို့ကို ကြောက်လန့်လျက်ရှိကြပါသည်။-
Ezra 3:11သူတို့က၊ ``ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍ ဣသရေလအမျိုးသားတို့အတွက် ထားရှိတော်မူသောမေတ္တာတော်သည် ထာဝစဉ်တည်ပါ၏'' ဟူသောသီချင်းကိုထပ်ကာထပ်ကာသီဆို၍ ထာဝရဘုရားအားထောမနာပြုကြ၏။ ဗိမာန်တော်အုတ်မြစ်ကိုချပြီးဖြစ်သဖြင့် လူ အပေါင်းတို့သည်ထာဝရဘုရား၏ဂုဏ် တော်ကိုဟစ်အော်ချီးမွမ်းကြကုန်၏။-
Job 8:21ရယ်မောရသောအခွင့်၊ ရွှင်လန်းစွာ နှုတ်မြွက် ရသောအခွင့်ကို သင်၌ပေးကောင်းပေးတော်မူမည်။
Psalms 51:14အို ဘုရားသခင်၊ ကျွန်တော်မျိုး၏အသက်ကိုချမ်းသာပေး တော်မူပါ။ ကျွန်တော်မျိုးကိုကယ်တော်မူပါ။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင် တရားမျှတတော်မူကြောင်းကိုဝမ်းမြောက်စွာ ထုတ်ဖော်ကြေညာပါမည်။
Psalms 71:19အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏တရားမျှတမှုသည် မိုးကောင်းကင်တိုင်အောင်ရောက်ရှိပါ၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် ကြီးမြတ်သည့်အမှုအရာများကိုပြုတော် မူပြီ ဖြစ်သောကြောင့်တည်း။ ကိုယ်တော်ရှင်နှင့်တူသူတစ်စုံတစ်ယောက်မျှ မရှိပါ။
Isaiah 35:10သူတို့သည်ဝမ်းမြောက်ပျော်ရွှင်စွာသီချင်း ဆိုလျက် ယေရုရှလင်မြို့သို့ရောက်ရှိလာကြလိမ့်မည်။ သူတို့သည်ထာဝစဉ်ရွှင်လန်းဝမ်းမြောက်ကြ လိမ့်မည်။ ဝမ်းနည်းပူဆွေးခြင်းနှင့်ထာဝစဉ်ကင်းလွတ် ကြလိမ့်မည်။