Psalms 143:12
ကျွန်တော်မျိုးအပေါ်၌ထားရှိသောမေတ္တာ တော်ကို ထောက်၍ရန်သူများအားကွပ်မျက်တော်မူပါ။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အစေခံ ဖြစ်သဖြင့် ကျွန်တော်မျိုးကိုဖိနှိပ်ညှဉ်းဆဲသူအပေါင်း တို့ကို သုတ်သင်တော်မူပါ။
Common Language Bible
In The King James Version
In Context
Cross References
1 Samuel 25:29အကယ်၍တစ်စုံတစ်ယောက်သောသူသည် အရှင့်အားတိုက်ခိုက်သတ်ဖြတ်ရန်ကြိုးစား ပါမူ လူသည်အဖိုးထိုက်သည့်ရတနာကို လုံခြုံစွာသိမ်းဆည်းထားတတ်သကဲ့သို့ ထာဝရဘုရားသည်အရှင်၏အသက်ကို လည်းဘေးမဲ့လုံခြုံစွာထားတော်မူပါလိမ့် မည်။ အရှင်၏ရန်သူတို့ကိုမူကား လူသည် ကျောက်ခဲကိုလောက်လွှဲဖြင့်ပစ်ထုတ်သကဲ့ သို့ကိုယ်တော်ပစ်ထုတ်တော်မူပါလိမ့်မည်။-
Psalms 52:5သို့ဖြစ်၍ဘုရားသခင်သည်သင့်အားထာဝစဉ် ပြိုလဲစေတော်မူလိမ့်မည်။ ကိုယ်တော်သည်သင့်ကိုနေအိမ်မှဆွဲထုတ် တော်မူလိမ့်မည်။ သင့်ကိုသက်ရှင်နေသူတို့နေထိုင်ရာလူ့ပြည်မှ ဖယ်ရှားတော်မူလိမ့်မည်။
Psalms 54:7ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားဆင်းရဲ ဒုက္ခအပေါင်းမှကယ်ဆယ်တော်မူပါပြီ။ ကျွန်တော်မျိုးသည်ရန်သူတို့အရေးရှုံးနိမ့် ကြသည်ကို တွေ့မြင်ရပါပြီ။
Psalms 116:16အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အစေခံ ဖြစ်ပါ၏။ ကျွန်တော်မျိုး၏မိခင်နည်းတူကျွန်တော်မျိုး သည် ကိုယ်တော်ရှင်၏အစေကိုခံပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားသေ ဘေးမှ ကယ်တော်မူပါပြီ။
Psalms 136:15ကိုယ်တော်သည်ဖာရောဘုရင်နှင့်သူ၏တပ်မတော်ကို ရေနစ်သေဆုံးစေတော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။