Psalms 71:7
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏အတွက် ခိုင်ခံ့သည့် ခိုလှုံရာဖြစ်တော်မူသဖြင့် ကျွန်တော်မျိုးသည်လူတို့ရှေ့တွင်စံနမူနာ ဖြစ်ပါ၏။
Common Language Bible
In The King James Version
I am as a wonder unto many; but thou art my strong refuge.
In Context
Cross References
Psalms 61:3ကိုယ်တော်ရှင်သည်ရန်သူတို့၏ဘေးမှ ကျွန်တော်မျိုးအားကွယ်ကာစောင့်ထိန်း တော်မူသောအရှင်၊ ကျွန်တော်မျိုးအတွက်ခိုင်ခံ့သောရဲတိုက် ဖြစ်တော်မူပါ၏။
Psalms 62:8အချင်းလူတို့ဘုရားသခင်အားအစဉ် အမြဲ ကိုးစားကြလော့။ သင်တို့၏ဒုက္ခအပေါင်းကိုကိုယ်တော်အား ဖော်ပြကြလော့။ ကိုယ်တော်သည်ငါတို့ခိုလှုံရာဖြစ်တော်မူ၏။
Psalms 142:4ငါ၏အနီးသို့ကြည့်လိုက်သောအခါကူမ မည့်သူ တစ်စုံတစ်ယောက်မျှမရှိ။ ကာကွယ်စောင့်ရှောက်မည့်သူတစ်ယောက်မျှမရှိ။ အဘယ်သူမျှငါ့ကိုဂရုမစိုက်။
Jeremiah 16:19အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော် မျိုးအားကွယ်ကာစောင့်ထိန်းတော်မူ၍ ခွန်အား ကိုပေးတော်မူပါ၏။ ဒုက္ခရောက်ချိန်၌ကူမတော် မူပါ၏။ ကမ္ဘာမြေကြီးစွန်းမှလူမျိုးတကာတို့ သည် အထံတော်သို့လာ၍``ကျွန်တော်မျိုးတို့ ဘိုးဘေးများကိုးကွယ်ခဲ့သည့်ဘုရားတို့သည် အတုအယောင်များသာလျှင်ဖြစ်ပါ၏။ အသုံး မဝင်အကျိုးမပေးသောရုပ်တုများသာဖြစ် ပါ၏။-
Zechariah 3:8သို့ဖြစ်၍ယဇ်ပုရောဟိတ်မင်းဖြစ်သူယောရှု၊ နားထောင်လော့။ ယောရှု၏အပေါင်းအဖော် ယဇ်ပုရောဟိတ်တို့၊ သာယာသောအနာဂတ် ၏နိမိတ်လက္ခဏာကိုဆောင်သူတို့၊ နားထောင် ကြလော့။ ငါသည်``အညွှန့်အတက်'' ဟုနာမည် တွင်သောမိမိ၏အစေခံကိုပေါ်ထွန်းစေ မည်။-
Acts 4:13ပေတရုနှင့်ယောဟန်တို့သည်ပညာမတတ် သူ၊ လူသာမန်များသာဖြစ်လျက်နှင့်မည်မျှ ရဲရင့်ကြသည်ကို တရားလွှတ်တော်အဖွဲ့ဝင် တို့တွေ့မြင်ကြသောအခါများစွာအံ့သြ ကြ၏။ ထိုသူနှစ်ဦးတို့သည် သခင်ယေရှု၏ အပေါင်းအဖော်များဖြစ်ခဲ့သည်ကိုလည်း သတိပြုမိကြ၏။-