ရောမဩဝါဒစာ 1:16
ငါသည်သတင်းကောင်းကိုလုံးဝယုံကြည် စိတ်ချ၏။ ထိုသတင်းကောင်းသည်ဦးစွာယုဒ လူမျိုး၊ ထို့နောက်လူမျိုးခြားတို့တွင်ယုံကြည် သူအပေါင်းတို့အားကယ်တင်သောဘုရား သခင်၏တန်ခိုးတော်ဖြစ်၏။-
Common Language Bible
In The King James Version
In Context
15သတင်းကောင်းကိုရောမမြို့ရှိသင်တို့အား လည်းကြေညာရန် ငါသည်စိတ်အားထက် သန်လျက်ရှိ၏။
Cross References
Psalms 71:15ကျွန်တော်မျိုးသည်ကိုယ်တော်ရှင် ကောင်းမြတ်တော်မူပုံကိုပြောကြားပါမည်။ ကိုယ်တော်ရှင်၏ကယ်တင်ခြင်းကျေးဇူးသည် ကျွန်တော်မျိုးနားလည်နိုင်သည်ထက်ပို၍ နက်နဲပါ၏။ သို့ရာတွင်ထိုကျေးဇူးတော်အကြောင်းကို ကျွန်တော်မျိုးသည်တစ်နေ့လုံးပြော ကြားပါမည်။
Psalms 119:46ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ ဆုံးမသွန်သင်ခက်မားကိုဘုရင်တို့ရှေ့တွင် ဖော်ပြကြေညာပါမည်။ ကွန်တော်မျိုးသည်အရှက်တကွဲဖြစ်ရလိမ့်မည် မဟုတ်ပါ။
Jeremiah 23:29ငါ၏ဗျာဒိတ်တော်သည်မီးနှင့်တူ၍ကျောက် ကိုထုခွဲနိုင်သည့်တူနှင့်တူ၏။-
Luke 2:10ကောင်းကင်တမန်က ``မကြောက်ကြနှင့်၊ ငါသည် လူအပေါင်းတို့အလွန်ဝမ်းမြောက်စရာသတင်း ကောင်းကိုသင်တို့ထံသို့ယူဆောင်လာ၏။-
John 7:35ယုဒအာဏာပိုင်တို့က ``ငါတို့ရှာ၍မတွေ့စေရန် သူသည်အဘယ်အရပ်သို့သွားပါမည်နည်း။ ယုဒ အမျိုးသားတို့နေထိုင်ရာဂရိမြို့များသို့သွား၍ ဂရိအမျိုးသားတို့အားဟောပြောသွန်သင်ပါ မည်လော။-
Romans 2:9ဦးစွာယုဒလူ၊ ထို့နောက်လူမျိုးခြားတို့ အနက်ဒုစရိုက်ကိုပြုသူအပေါင်းတို့ သည် ဆင်းရဲဒုက္ခနှင့်နာကျင်ခြင်းဝေဒနာ ကိုခံရကြလိမ့်မည်။-