ရောမဩဝါဒစာ 2:21
သင်သည်သူတစ်ပါးတို့အားသွန်သင်ဆုံးမ သူဖြစ်ပါလျက် အဘယ်ကြောင့်မိမိကိုယ်ကို မသွန်သင်မဆုံးမပါသနည်း။ သင်သည်သူ တစ်ပါးတို့အားမခိုးမဝှက်ရန် သွန်သင် ဆုံးမပါလျက်အဘယ်ကြောင့်သင်ကိုယ်တိုင် ကခိုးဝှက်ပါသနည်း။-
Common Language Bible
In The King James Version
In Context
Cross References
Psalms 50:16သို့ရာတွင်ထာဝရဘုရားကသူယုတ်မာ အား ``သင်သည်အဘယ်ကြောင့်ငါ၏ပညတ်တော်တို့ကို ရွတ်ဆိုရပါသနည်း။ ငါ၏ပဋိညာဉ်တော်အကြောင်းကိုအဘယ်ကြောင့် ပြောဆိုရပါသနည်း။
Isaiah 56:11သူတို့သည်စား၍အားမရနိုင်၊ လောဘကြီး သည့်ခွေးများနှင့်တူကြ၏။ သူတို့သည်ကား အသိတရားကင်းမဲ့သည့်ခေါင်းဆောင်များ တည်း။ မိမိတို့နှစ်သက်ရာကိုကိုယ်စီကိုယ်ငှ ဆောင်ရွက်ကြလျက်ကိုယ်ကျိုးကိုသာလျှင် ရှာကြံတတ်ကြ၏။-
Ezekiel 22:27အစိုးရအရာရှိများသည်သားကောင် များကို ကိုက်သတ်ဆွဲဖြတ်လျက်နေသည့် ဝံပုလွေများနှင့်တူကြ၏။ သူတို့သည် မိမိတို့ကြွယ်ဝချမ်းသာရေးအတွက် အသက်ကိုသတ်၍လူသတ်မှုကူးလွန် ကြ၏။-
Micah 3:11မြို့ကိုအုပ်ချုပ်သူတို့သည်တံစိုးလက်ဆောင် စား၍အုပ်ချုပ်ကြ၏။ ယဇ်ပုရောဟိတ်တို့ သည်အခကြေးငွေယူ၍စီရင်ဆုံးဖြတ် ကြ၏။ ပရောဖက်တို့သည်ငွေယူ၍ဗျာဒိတ် တော်ကိုဖွင့်ပြကြ၏။ ထိုသူအပေါင်းတို့ ကထာဝရဘုရားသည် သူတို့နှင့်အတူ ရှိတော်မူသည်ဟုဆိုကြ၏။ သူတို့က``ငါ တို့တွင်ဘေးဥပဒ်မရောက်နိုင်၊ ထာဝရ ဘုရားသည်ငါတို့နှင့်အတူရှိတော်မူ သည်'' ဟုပြောကြ၏။
Matthew 23:3သို့ဖြစ်၍ထိုသူတို့ပြောဆိုသွန်သင်သမျှ အတိုင်းလိုက်နာပြုကျင့်ကြလော့။ သို့သော် သူတို့သည်မိမိတို့ဟောသည့်အတိုင်းမကျင့် ကြသဖြင့်သူတို့ကျင့်သကဲ့သို့မကျင့်ကြနှင့်။-
Luke 11:46ကိုယ်တော်က ``အချင်းကျမ်းတတ်ဆရာတို့၊ သင်တို့သည်လည်းအမင်္ဂလာရှိကြ၏။ အထမ်း ရခက်သည့်ဝန်ထုပ်များကိုသင်တို့သည်လူ များအားထမ်းစေကြလျက်သင်တို့ကိုယ်တိုင် မူကားထိုဝန်ထုပ်များကိုလက်ဖျားနှင့်မျှ မတို့ကြ။-