ရောမဩဝါဒစာ 4:14
အကယ်၍ပညတ်တရားကိုစောင့်ထိန်းကြ သူများသာလျှင် ကတိတော်ကိုခံစားရကြ မည်ဆိုလျှင်ဘုရားသခင်အားယုံကြည်မှု သည်အချည်းနှီးဖြစ်၍ကတိတော်သည် လည်းအဋ္ဌိပ္ပါယ်မရှိတော့ပေ။-
Common Language Bible
In The King James Version
For if they which are of the law be heirs, faith is made void, and the promise made of none effect:
In Context
Cross References
Numbers 30:12သို့ရာတွင်သူ၏ခင်ပွန်းကြား၍တားမြစ်ပါ မူ သူသည်ကတိသစ္စာအတိုင်းဆောင်ရွက်ရန် မလို။ ခင်ပွန်း၏တားမြစ်မှုကြောင့်ကတိပျက် ခြင်းကို ထာဝရဘုရားခွင့်လွှတ်တော်မူမည်။-
Psalms 119:126အို ထာဝရဘုရား" လူတို့သည်ကိုယ်တော်ရှင်၏တရားတော်ကို ချိုးဖောက်ကြသည်ဖြစ်၍ ကိုယ်တော်ရှင်အရေးယူတော်မူရန်အခိန်သည် ယခုကရောက်ပါပြီ။
Jeremiah 19:7ငါသည်ဤအရပ်တွင်ယုဒပြည်သားများ နှင့် ယေရုရှလင်မြို့သားများ၏အကြံအစည် မှန်သမျှကိုပျက်ပြားစေတော်မူမည်။ သူတို့ ကိုအသက်ရန်ရှာသူတို့လက်သို့အပ်၍စစ်ပွဲ တွင်ကျဆုံးစေတော်မူမည်။ သူတို့၏အလောင်း များသည်ငှက်များနှင့်တောသားရဲတို့၏ အစာဖြစ်ရလိမ့်မည်။-
Romans 4:16သို့ဖြစ်၍အာဗြဟံသားမြေးအပေါင်းတို့ သည်ဘုရားသခင်၏ကတိတော်ကိုအခမဲ့ ခံစားခွင့်ရှိကြောင်း အာမခံချက်ရှိစေရန် ကိုယ်တော်သည်အာဗြဟံ၏ယုံကြည်မှုအပေါ် တွင်အခြေခံ၍ကတိထားတော်မူ၏။ ထို ကတိတော်သည်ပညတ်တရားကိုစောင့်ထိန်း သူများအတွက်သာလျှင်မဟုတ်။ အာဗြဟံ ကဲ့သို့ဘုရားသခင်ကိုယုံကြည်သူတို့ အတွက်လည်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အာဗြဟံသည်ငါတို့အားလုံး၏အဖဖြစ် သောကြောင့်တည်း။-
Galatians 3:18အကယ်၍ဘုရားသခင်၏ဆုကျေးဇူးတော် သည် ပညတ်တရားအပေါ်၌မူတည်လျှင် ထို ဆုကျေးဇူးတော်သည်ကတိတော်အပေါ်၌ မူမတည်တော့ပေ။ သို့ရာတွင်ဘုရားသခင် သည်ကတိတော်ကြောင့် အာဗြဟံအားထိုဆု ကျေးဇူးတော်ကိုပေးသနားတော်မူသတည်း။