The Bible Software
တိမောသေဩဝါဒစာပထမစောင် · မြန်မာကျမ်းစာ

တိမောသေဩဝါဒစာပထမစောင် 1

1ငါ တို့ကိုကယ်တင် တော်မူသောအရှင်ဘုရားသခင် နှင့်၊ ငါ တို့မြော်လင့် ခြင်းအကြောင်းဖြစ်သော ယေရှု ခရစ် ၏ ပညတ် တော်အားဖြင့် ၊ ထိုသခင်၏ တမန်တော် ဖြစ်သော ငါပေါလု သည်

2ယုံကြည် ခြင်းအားဖြင့် ငါသား စစ် ဖြစ်သော တိမောသေ ကို ကြားလိုက်ပါ၏။ ငါ တို့သခင် ယေရှု ခရစ် နှင့် ငါတို့အဘ တည်းဟူသောဘုရားသခင့် အထံ တော်က ကျေးဇူး ၊ ကရုဏာ ၊ ငြိမ်သက် ခြင်းရှိပါစေသော။

3ခြားနားသော အယူဝါဒသစ်ကို မ သွန်သင် ကြနှင့်ဟူ၍၎င်း၊ ဒဏ္ဍာရီ စကားကို နားမထောင်နှင့်ဟူ၍၎င်း၊ ယုံကြည် ခြင်း၌ တည်သော ဘုရားသခင် ၏ သာသနာ တော်ကို ပြုစု သည်ထက် ၊ အချင်းချင်းငြင်းခုံခြင်းကိုသာ၍ပြုစုတတ်သော၊ ပြင်ဆင်၍ မ ကုန်နိုင်သော ဆွေစဉ်မျိုးဆက် စာရင်းများကို ပမာဏမပြုကြနှင့်ဟူ၍၎င်း၊ သင် သည် အချို့သော သူတို့ကို ပညတ်ထား၍

4ဧဖက် မြို့၌ နေရစ် စေခြင်းငှာ၊ ငါသည် မာကေဒေါနိ ပြည်သို့ သွား သောအခါ၊ တောင်းပန် သည်အတိုင်း နေရစ်လော့။

5ထိုသို့ပညတ် ထားခြင်း၏ အချုပ်အခြာ မူကား ၊ စင်ကြယ် သော စိတ် နှလုံးနှင့် ၎င်း၊ ကိုယ်ကိုကိုယ် သိသော စိတ်ကြည်လင် ခြင်းနှင့်၎င်း၊ မှန် သောယုံကြည် ခြင်းနှင့် ၎င်း၊ စပ်ဆိုင် သော ချစ် ခြင်းမေတ္တာဖြစ် သတည်း။

6ထိုသို့သောအကျင့်ကိုလူအချို့ တို့သည် အမြဲမကျင့်၊ အချည်းနှီး သောစကားပြောခြင်းသို့ လွှဲ သွားကြပြီ။ ထိုသူတို့သည် မိမိတို့ပြော သောအရာ ကို နား မ လည်။

7အဘယ်သို့ သောတရားဘက်၌ မိမိတို့ခိုင်မာစွာနေသည်ကို မ သိဘဲလျက်၊ နိဿရည်း ဆရာလုပ်ချင် ကြ သည်တကား ။

8ပညတ် တရားကို တရား သဖြင့်ကျင့်သောသူ အဘို့ မ ထား ၊ မတရား သဖြင့် ကျင့်သောသူ၊ နား မထောင်သောသူ၊ ဘုရား ကိုမကိုးကွယ်သောသူ၊ အပြစ် ထင်ရှားသောသူ၊ မ သန့်ရှင်းသောသူ

9ဘုရားတရားကိုမရိုမသေ ပြုသောသူ၊ မိဘ ကိုညှဉ်းဆဲသောသူ၊ လူ အသက်ကိုသတ်သောသူ၊ မတရား သောမေထုန်၌မှီဝဲသောသူ၊ ယောက်ျား ချင်းမေထုန်ကိုပြုသောသူ၊ လူ ကိုခိုးသွားသောသူ၊ မုသာ စကားကိုသုံးသောသူ

10မ ဟုတ်မမှန်ဘဲကျိန်ဆိုသောသူမှစ၍ ၊ စင်ကြယ် သောဩဝါဒ နှင့် ဆန့်ကျင်ဘက် ဖြစ်သမျှတို့အဘို့ ပညတ် တရားကို ထားသည်ဟု သိမှတ် ၍၊ ထိုတရားကိုတရားသဖြင့်သုံး သောသူ ၌ ပညတ်တရားသည် အကျိုးကိုပေးတတ်သည်ဟု ငါတို့ သိ ကြ၏။

11ထိုသို့ဆိုသော်၊ မင်္ဂလာ ရှိတော်မူသော ဘုရားသခင် ၏ဘုန်းကြီး သော ဧဝံဂေလိ တရားနှင့်ညီသတည်း။

12ထိုတရား ကို ငါ ၌အပ်ပေး တော်မူသည်ဖြစ်၍၊ ငါ့ ကိုခွန်အား နှင့် ပြည့်စုံစေတော်မူသော ငါ တို့သခင် ယေရှု ခရစ် ၏ကျေးဇူး တော်ကို ငါချီးမွမ်း၏။

13ငါ သည်ကဲ့ရဲ့ သောသူ၊ ညဉ်းဆဲ သောသူ၊ ကြမ်းကြုတ် သောသူဖြစ်ဘူးသော်လည်း ၊ သစ္စာ ရှိသောသူဟု ထိုသခင်သည် မှတ် ၍၊ ဓမ္မဆရာ အရာ၌ ခန့်ထား တော်မူ၏။ ထိုသို့ငါပြု သောအခါယုံ ခြင်းမရှိ ၊ အမှန်မ သိဘဲ ပြုသောကြောင့် ၊ ကရုဏာ တော်ကိုငါခံရပြီ။

14ငါ တို့သခင် ဘုရား၏ ကျေးဇူး တော်သည်လည်း ယေရှု ခရစ် ၌ ယုံကြည် ခြင်း၊ ချစ် ခြင်းနှင့်တကွ ၊ အတိုင်း ထက်အလွန် ကြွယ်ဝပြီ။

15ယေရှု ခရစ် သည် အပြစ် ရှိသောသူတို့ကို ကယ်တင် ခြင်းငှာ၊ ဤလောက သို့ ကြွလာ တော်မူသည် ဟူသော စကားသည် သစ္စာ စကားဖြစ် ၏။ အကြွင်းမဲ့ ခံယူ အပ် သောစကား လည်း ဖြစ်၏။ အပြစ်ရှိသော သူ တို့တွင် ငါ သည် အကြီးဆုံးဖြစ် ၏။

16သို့သော်လည်း ၊ ထာဝရ အသက် အလိုငှာ ယုံကြည် လတံ့သော သူ တို့လိုက်စရာ ပုံ သက်သေဖြစ်စေခြင်းငှာ၊ အကြီးဆုံး သောအပြစ်ရှိသော ငါ ၌ ၊ ယေရှု ခရစ် သည် ခပ်သိမ်း သောခန္တီ တော်ကို ပြ တော်မူမည် အကြောင်း ၊ ငါ့ကိုသနား တော်မူပြီ။

17လောက ဓါတ်တို့၏ ဘုရင် တည်းဟူသော၊ ဖောက်ပြန် ပျက်စီးခြင်းနှင့်ကင်းလွတ်တော်မူသော၊ မျက်မြင် မရ၊ အရူပဖြစ်တော်မူသော၊ တဆူတည်း သောဘုရားသခင် သည် ကမ္ဘာ အဆက်ဆက် ဂုဏ် အသရေ၊ ဘုန်း အာနုဘော်ရှိတော်မူစေသတည်း။ အာမင် ။

18ငါ့သား တိမောသေ ၊ သင့်ကိုရည်မှတ်၍ ဟောပြောခဲ့ပြီးသော အနာဂတ္တိ စကားကို သင်သည်အမှီပြု၍၊ ယုံကြည်ခြင်းကို၎င်း၊ ကိုယ်ကိုကိုယ်သိသော စိတ်ကြည်လင်ခြင်းကို၎င်း စွဲလမ်း၍ ကောင်း သောစစ် ကို တိုက်စေခြင်းငှာ ၊ ထားခဲ့ပြီးသော ထိုအနာဂတ္တိစကားနှင့်အညီ၊ အထက် ငါဆိုခဲ့ပြီးသော ပညတ်ထားခြင်းအခွင့်ကိုသင်၌ ငါအပ်ပေး၏။

19ထိုယုံကြည် ခြင်းမှစသည်တို့ကို အချို့ သောသူ တို့သည် ပယ် ပြီးလျှင်၊ ယုံကြည် ခြင်းသင်္ဘော ပျက်၍ ဆုံးရှုံးကြပြီ။

20ထိုသူ တို့တွင် ဟုမေနဲ နှင့် အာလေဇန္ဒြု ပါ သတည်း။ ထိုသူ တို့သည် ကဲ့ရဲ့ သောစကားကို ကြဉ်ရှောင်ခြင်းငှာသင် ရမည်အကြောင်း ၊ စာတန် ၏ လက်သို့ငါအပ် လိုက်ခဲ့ပြီ။

← သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 3Read In The App, Free →တိမောသေဩဝါဒစာပထမစောင် 2 →

Study တိမောသေဩဝါဒစာပထမစောင် 1

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Robertson's Word PicturesReina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456