The Bible Software
တိမောသေဩဝါဒစာပထမစောင် · မြန်မာကျမ်းစာ

တိမောသေဩဝါဒစာပထမစောင် 6

1ဘုရားသခင် ၏ နာမ တော်နှင့်တရားတော်သည် ကဲ့ရဲ့ ခြင်းနှင့် ကင်းလွတ် မည်အကြောင်း ၊ အစေခံ ကျွန် မည်သည်ကား၊ မိမိ သခင် ကို အလွန်ရိုသေ ထိုက် သော သူဟူ၍မှတ် စေ။

2သခင် သည်ယုံကြည် သောသူ ဖြစ်လျှင် ၊ ညီအစ်ကို ဖြစ် သည်ဟု စိတ်ထင်နှင့်၊ မခန့်မညား မ ပြုစေနှင့်။ အစေခံခြင်း၏အကျိုးကို ခံရ သောသူသည် ယုံကြည် သောသူ၊ ချစ် အပ်သောသူ ဖြစ်သောကြောင့် သာ၍ အစေခံ စေ။ ဤသို့ ဆုံးမ ဩဝါဒပေး၍ တိုက်တွန်း သွေးဆောင်လော့။

3ခြားနားသောဩဝါဒကိုသင်ပေး ၍ ၊ ငါ တို့သခင် ယေရှု ခရစ် ၏ စကား တည်းဟူသောစင်ကြယ် သော စကားကို၎င်း၊ ဘုရား ဝတ်၌ မွေ့လျော်ခြင်းနှင့်အညီ ဖြစ်သော ဩဝါဒ ကို၎င်း ဝန် မ ခံသောသူ မည်သည်ကား

4မာန နှင့်ယစ်မူး၍ အလျှင်းနား မ လည်ဘဲ၊ ပုစ္ဆာအမေးကို ဆွေးနွေး ၍ စကားကြောင့်သာ ငြင်းခုံ သော အားဖြင့်စိတ်ပေါ့သောသူဖြစ်၏။ ထိုသို့ပြုလျှင်၊ ငြူစူခြင်း၊ ရန်တွေ့ ခြင်း၊ သူ့ အသရေကိုရှုတ်ချခြင်း၊ မနာလို သော ကြံစည်ခြင်း

5စိတ် နှလုံးယိုယွင်း ၍ ၊ သမ္မာတရား နှင့်ကင်းသော သူတို့ အချည်းနှီးဆွေးနွေးခြင်းဖြစ်တတ်၏။ ဘုရား ဝတ်၌ မွေ့လျော်ခြင်းသည် အကျိုး စီးပွားဖြစ် သည်ဟု သူတို့သည် စိတ်ထင် ကြ၏။ ထိုသို့သောသူတို့ကို ရှောင်လော့။

6ရောင့်ရဲ သောစိတ်ပါလျှင်၊ ဘုရား ဝတ်၌ မွေ့လျော်ခြင်းသည် ကြီးစွာ သော အကျိုး စီးပွားမှန်၏။

7အကြောင်းမူကား ၊ ငါတို့သည် ဤလောက ထဲသို့ အဘယ် အရာမျှမပါ ဘဲ လာသည်ဖြစ်၍၊ ထွက်သွားလျှင်လည်း၊ အဘယ် အရာကိုမျှ ယူ ၍ မ သွားနိုင် ဟု ထင်ရှားလျက်ရှိ၏။

8သို့ဖြစ်၍ ၊ စား ရန်၊ ဝတ် ရန်ရှိသမျှနှင့် ရောင့်ရဲ လျက်နေကြကုန်အံ့။

9ငွေရတတ် ခြင်းငှာအလိုရှိ သောသူ တို့သည် အပြစ် သွေးဆောင်ခြင်း၊ ဘမ်းမိ ခြင်း၊ မိုက်မဲ ဖျက်ဆီး တတ်သော တပ်မက် ခြင်းများ ထဲသို့ ကျရောက် တတ်ကြ၏။ ထိုသို့သောအားဖြင့်လူ တို့သည် အကျိုးနည်းခြင်း၊ ပျက်စီး ခြင်း၌ နစ်မွန်း တတ်ကြ၏။

10အကြောင်းမူကား ၊ ငွေ ကိုတပ်မက်ခြင်းသည် မကောင်း သော အမှုအပေါင်း တို့တွင် မူလအမြစ် ဖြစ် သတည်း။ လူအချို့ တို့သည်ငွေကို တပ်မက် သောကြောင့်ယုံကြည် ခြင်းတရားလမ်း မှ လွှဲသွား၍၊ ပူပန် ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ် ထုတ်ချင်းခပ်အောင်ထိုး ကြပြီ။

11သို့ဖြစ်၍ ၊ အို ဘုရားသခင် ၏လူ ၊ သင် သည် ထို အပြစ်များကို ကြဉ်ရှောင် လော့။ ဖြောင့်မတ် စွာ ကျင့် ခြင်း၊ ဘုရား ဝတ်၌ မွေ့လျော်ခြင်း၊ ယုံကြည် ခြင်း၊ ချစ် ခြင်း၊ သည်းခံ ခြင်း၊ နူးညံ့ သိမ်မွေ့ခြင်းတို့ကို မှီအောင် လိုက် လော့။

12ယုံကြည် ခြင်းနှင့်ဆိုင်၍ကောင်း စွာသော တိုက်လှန် ခြင်းကို ပြုလော့။ ထာဝရ အသက် ကိုကိုင်ယူ လော့။ ထို အသက်ကိုရမည်အကြောင်း ၊ သင်သည်ခေါ် တော်မူခြင်းကိုခံရ၍ ၊ သက်သေ အများ တို့ ရှေ့ ၌ကောင်းမွန် စွာ ဝန်ခံ ပြီ။

13ငါ တို့သခင် ယေရှု ခရစ် ထင်ရှား ပေါ်ထွန်းတော်မူသည်တိုင်အောင် ၊ သင်သည်အညစ်အကြေးနှင့် ကင်းစင် ၍ အပြစ်တင် ခွင့် မရှိဘဲလျက်၊ ပညတ် တော်ကို စောင့်ရှောက် မည်အကြောင်း

14အလုံးစုံ တို့ကို အသက် ရှင်စေတော်မူသော ဘုရားသခင် ရှေ့ မှာ၎င်း ၊ ပုန္တိ ပိလတ် မင်းထံ ကောင်း သော ဝန်ခံ ခြင်းဘက်၌ သက်သေခံ တော်မူသော ယေရှု ခရစ် ရှေ့ မှာ၎င်း၊ ငါသည်သင့် ကိုပညတ် ထား၏။

15မရဏာ နှင့်ကင်းလွတ်သော သူတစ်ပါး တည်းဖြစ် တော်မူသော၊ အဘယ်သူမျှမ ချဉ်းကပ်နိုင်သော အလင်း ထဲ၌နေ တော်မူသောအဘယ်သူ မျှမမြင် ဘူးရာ၊ မ မြင် နိုင် ရာ ဖြစ်တော်မူသော၊ မင်္ဂလာ ရှိသော တစ်ပါးတည်း သော အရှင် ဖြစ်တော်မူသော၊ ဘုရင် တကာ တို့၏ ဘုရင် ၊ သခင် တကာ တို့၏သခင် သည်၊ ကာလ အချိန်ရောက်သောအခါ၊ သခင်ယေရှုခရစ်၏ ထင်ရှားပေါ်ထွန်းခြင်းကို ပြ တော်မူလိမ့်မည်။

16ထိုဘုရားသခင် သည် ထာဝရ ဂုဏ် အသရေ အစွမ်း သတ္တိရှိတော်မူစေသတည်း။ အာမင် ။

17ဤ ဘဝ ၌ ငွေရတတ် သောသူ တို့သည် မာန် မာန စိတ်နှင့် ကင်းလွတ် ၍၊ မ မြဲသောစည်းစိမ် ကို မ ကိုးစား ဘဲ၊ ငါ တို့ခံစားဘို့ရာအလုံးစုံ တို့ကိုကြွယ်ဝ စွာ ပေး သနားတော်မူသော၊ အသက်ရှင်တော်မူသော ဘုရားသခင် ကို ကိုးစားရမည်အကြောင်း နှင့်

18သူတစ်ပါးအားကျေးဇူး ပြုခြင်း၊ ကောင်း သောအကျင့် ၌ ကြွယ်ဝ ပြည့်စုံခြင်း၊ စွန့်ကြဲ ချင်သော စေတနာ စိတ်ရှိ ခြင်း၊ အချင်းချင်း ဆက်ဆံခြင်း

19မှန် သောအသက် ကို ဝင်စား လိုသောငှာ ၊ နောင် ဘဝ၌ ကောင်း သောဘဏ္ဍာ ကို မိမိ တို့အဘို့ ဆည်းဖူးခြင်းတို့ကို ပြုရမည်အကြောင်း ပညတ်ထားလော့။

20အို တိမောသေ ၊ သင်၌အပ် ထားသော အရာကို စောင့်ရှောက် လော့။ တရားမဲ့ ဖြစ်သော အချည်းနှီး စကားပြောခြင်းကို၎င်း ၊ သိပ္ပံ အတတ်ဟူ၍အလွဲ ခေါ်ဝေါ်သော သိပ္ပံအတတ်ဆီးတားနှောင့်ရှက်ခြင်းကို၎င်း ရှောင် လော့။

21ထိုသိပ္ပံအတတ်ကို လူအချို့ တို့သည် ဝန်ခံ ပြုစုသောအားဖြင့်၊ ယုံကြည် ခြင်းတရားလမ်းမှ လွဲ ကြပြီ။ သင် ၌ ကျေးဇူး တော်ရှိစေသတည်း။ အာမင်။

← တိမောသေဩဝါဒစာပထမစောင် 5Read In The App, Free →2 Timothy 1 →

Study တိမောသေဩဝါဒစာပထမစောင် 6

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Robertson's Word PicturesReina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456