The Bible Software
တိမောသေဩဝါဒစာပထမစောင် · မြန်မာကျမ်းစာ

တိမောသေဩဝါဒစာပထမစောင် 5

1အသက်ကြီး သောသူကို ကျပ်တည်းစွာမ ဆုံးမ နှင့်။ အဘ ကဲ့သို့ မှတ်၍ တောင်းပန် လော့။ လူပျို တို့ကို ညီအစ်ကို ကဲ့သို့ ၎င်း

2အသက်ကြီး သောမိန်းမတို့ကို အမိ ကဲ့သို့ ၎င်း၊ မိန်းမ ပျိုတို့ကို အလွန်စင်ကြယ် သော အခြင်းအရာနှင့်တကွ၊ နှမ ကဲ့သို့ ၎င်း မှတ်၍ကျင့်လော့။

3မုတ်ဆိုးမ အမှန် ဖြစ်သော မိန်းမ တို့ကို မစ လုပ်ကျွေးလော့။

4သား မြေး ရှိ သော မုတ်ဆိုးမ ဖြစ်လျှင် ၊ ထိုသားမြေးတို့သည် ရှေးဦးစွာ ဘုရားဝတ်ကို ရည်မှတ် လျက် ၊ မိမိ အိမ် ကို ပြုစု၍ မိဘ ဘိုးဘွား၌ ကျေးဇူး ဆပ် ခြင်းငှာသင် ကြစေ။ ထို အမှုသည် ဘုရားသခင် နှစ်သက် တော်မူသောအမှုဖြစ် ၏။

5မုတ်ဆိုးမ အမှန် ဖြစ်၍တစ်ယောက်တည်း ကျန်ရစ်သောမိန်းမသည်၊ ဘုရားသခင် ကို ကိုးစား ၍ ဆုတောင်း ပဌာနပြုခြင်း၌ နေ့ ညဉ့် မပြတ်တည်နေ တတ်၏။

6ကာမဂုဏ် စည်းစိမ်၌ပျော်မွေ့သော မုတ်ဆိုးမ မူကား ၊ အသက် ရှိလျက်ပင် အသေ ဖြစ်၏။

7ထို သူတို့ကို အပြစ်တင် ခွင့်နှင့် ကင်းလွတ်စေခြင်းငှာ ဤသို့ပညတ် ထားလော့။

8မိမိလူတို့ကိုမပြုစု၊ ထိုမျှမက၊ မိမိ အိမ်သူ အိမ်သားတို့ကို မ ပြုစုသောသူမည်သည်ကား ၊ ယုံကြည် ခြင်းတရားကို ငြင်းပယ် ၏။ မယုံကြည် ဘူးသော သူထက်သာ၍ယုတ်မာ၏ ။

9မုတ်ဆိုးမ သည်အသက် ခြောက်ဆယ် မ ပြည့်လျှင်၊ စာရင်းအင်း မ ဝင်စေနှင့်။ လင် တစ်ယောက်တည်း ရှိဘူးသောသူ

10ကောင်း သောအကျင့် ကိုကျင့်၍ အသရေ ရှိသောသူ၊ သူငယ် တို့ကို ကျွေးမွေးခြင်း၊ ဧည့်သည် ဝတ်ပြုခြင်း၊ သန့်ရှင်းသူ တို့၏ခြေ ကိုဆေး ခြင်း၊ ဆင်းရဲ သောသူတို့ကို လုပ်ကျွေး ခြင်း၊ ကောင်း သောအမှု ရှိသမျှ တို့၌ ကြိုးစားအားထုတ်ခြင်းကို ပြုဘူးသောသူဖြစ်လျှင် ၊ စာရင်းအင်းဝင်စေ။

11အသက် အရွယ်နုပျိုသော မုတ်ဆိုးမ တို့ကို ပယ် လော့။ အကြောင်းမူကား ၊ ထိုသူတို့သည် ခရစ်တော် ၏ ဆုံးမခြင်းကို သည်းမခံ။ အိမ် သင့်ခြင်းငှာအလိုရှိ လျှင်

12အရင် သစ္စာ ကို ဖျက် သောကြောင့် အပြစ်သင့် ခြင်းသို့ ရောက် ကြလိမ့်မည်။

13ထိုမှတစ်ပါး၊ တအိမ် မှတအိမ်သို့လည် ၍ ပျင်းရိ တတ်ကြ၏။ ပျင်းရိ သည်သာမက ၊ စကားများ၍ မပြော အပ်သောအရာကို ပြောသဖြင့်၊ ကိုယ်နှင့်မဆိုင်သောအမှု၌ ရောနှောသောသူဖြစ်တတ်ကြ၏။

14ထိုကြောင့် ၊ အသက် အရွယ်နုပျိုသော မုတ်ဆိုးမတို့သည် အိမ် သင့်ခြင်း၊ သားဘွား ခြင်း၊ အိမ်မှု ကိုကြည့်ရှုပြုစုခြင်း၊ ကဲ့ရဲ့ စရာအခွင့် ကို ရန်သူ အား မ ပေး ဘဲနေခြင်း အမှုများကို ပြုစေခြင်းငှာငါအလိုရှိ ၏။

15အကြောင်းမူကား ၊ ယခုပင် အချို့ တို့သည် လမ်းလွဲ ၍ စာတန် နောက် သို့ လိုက်သွားကြပြီ။

16ယုံကြည် သော ယောက်ျားမိန်းမ၌ မုတ်ဆိုးမ ရှိ လျှင် ၊ ကိုယ်တိုင် လုပ်ကျွေး စေ။ သို့ပြုလျှင်၊ အမှန် ဖြစ် သော မုတ်ဆိုးမ တို့ကို အသင်းတော် သည် အနှောင့် အရှက်မ ရှိစေဘဲ လုပ်ကျွေး နိုင်လိမ့်မည်။

17ကောင်းမွန် စွာ အုပ် သောသင်းအုပ် တို့သည် အလှူနှစ်ဆ ကို ခံထိုက်သောသူဖြစ်သည်ဟူ၍၎င်း၊ တရား ဟောခြင်း၊ ဆုံးမ ဩဝါဒပေးခြင်းအမှုကို ကြိုးစား အားထုတ်သောသူ တို့သည်။ အလှူနှစ်ဆကို အထူးသဖြင့် ခံထိုက် သောသူဖြစ်သည်ဟူ၍၎င်း မှတ်ရမည်။

18အကြောင်းမူကား ၊ စပါး နင်းနယ်သောနွား ၏ နှုတ်ကိုမ ချုပ်တည်း ရဟုကျမ်းစာ လာ ၏။ တ ချက်ကား၊ လုပ်ဆောင် သောသူ သည် အခ ကို ခံထိုက် ပေသည်ဟု လာပြန်၏။

19သက်သေခံ နှစ် ဦးသုံး ဦးမ ရှိလျှင် ၊ သင်းအုပ် ၌ အပြစ်တင် သော စကားကို နား မ ထောင်နှင့်။

20ကြွင်း သောသူတို့သည် ကြောက် စေခြင်းငှာ အပြစ် ရှိသော သူ တို့ကို လူအပေါင်း တို့ရှေ့ မှာ အပြစ်တင် ဆုံးမလော့။

21ရှေ့မဆွကမစီရင်၊ ငဲ့ကွက်သောစိတ်နှင့်အလျှင်းမ ပြု ဘဲ၊ ဤပညတ် များကို စောင့်ရှောက် မည် အကြောင်း ၊ ဘုရားသခင် နှင့် သခင်ယေရှု ခရစ် မှာ၎င်း၊ ရွေးကောက် တော်မူသော ကောင်းကင် တမန်တို့ ရှေ့ မှာ၎င်း၊ ငါသည် သင့်ကို သစ္စာ ပေး၏။

22အဘယ်သူ၏အပေါ်၌ လက် ကို အလျင်တဆော မ တင် နှင့်။ သူတစ်ပါး အပြစ် ၌ မ ဆက်ဆံ နှင့်။ ကိုယ်ကိုကိုယ် စင်ကြယ် စေလော့။

23သင် ၏ရင်ထဲ၌အကျိုးဖြစ်စေခြင်းငှာ၎င်း၊ မကြာမကြာ ခံရသော ရောဂါ ကြောင့် ၎င်း၊ ယခုမှစ၍ ရေ ကိုသာ မ သောက်ဘဲ၊ စပျစ်ရည် အနည်းငယ် ကိုသုံး လော့။

24အချို့ သော သူ တို့၏ဒုစရိုက် သည် ရှေ့မဆွကထင်ရှား ၍၊ အပြစ် စီရင်ခြင်းသို့ အရင် အဦးသွားတတ်၏။ အချို့ သောသူတို့၏ ဒုစရိုက်သည် နောက် သို့လိုက်တတ်၏။

25ထိုနည်းတူ ၊ အချို့သောသူတို့၏ သုစရိုက် သည် ထင်ရှား နှင့်တတ်၏။ မထင်ရှားသေးသော သုစရိုက်ကို လည်း ဝှက် ၍မ ထားနိုင် ။

← တိမောသေဩဝါဒစာပထမစောင် 4Read In The App, Free →တိမောသေဩဝါဒစာပထမစောင် 6 →

Study တိမောသေဩဝါဒစာပထမစောင် 5

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Robertson's Word PicturesReina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456