ကောရိန္တုဩဝါဒစာဒုတိယစောင် 1:21
သင် တို့နှင့် ငါ တို့ကို ခရစ်တော် ၌ တည် စေ၍ ဘိသိက် ပေးသော သူ ကား၊ ဘုရားသခင် ဖြစ်သတည်း။
မြန်မာကျမ်းစာ
In The King James Version
Now he which stablisheth us with you in Christ, and hath anointed us, is God;
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 1
Cross References
Psalms 37:23ကောင်းသောသူ၏ခြေရာ တို့ကို ထာဝရဘုရား သည် ပဲ့ပြင် ၍ ၊ သူ သွားရာလမ်း ကို နှစ်သက် တော်မူ၏။
Psalms 87:5ဇိအုန် မြို့ကို လည်း လူ အမျိုးမျိုးတို့သည်၊ ထိုမြို့ ၌ ဘွားမြင် ကြပြီ။ အမြင့်ဆုံး သောဘုရားသည် ထိုမြို့ ကို ကိုယ်တော်တိုင် မြဲမြံ စေတော်မူပြီဟု ပြော ဆိုကြလိမ့်မည်။
Isaiah 9:7ဒါဝိဒ် မင်း၏ ရာဇ ပလ္လင်ပေါ် မှာထိုင်၍၊ နိုင်ငံ တော်ကို နောင်ကာလအစဉ်မပြတ်၊ တရား တော်အတိုင်း ဖြောင့်မတ် စွာစီရင်၍အမြဲတည် စေတော်မူမည်အကြောင်း ၊ အာဏာ တော် တိုးတက် ခြင်းနှင့် ငြိမ်သက် တော်မူခြင်း သည် နိစ္စ အမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် အလို တော်အားကြီး၍၊ ထို အမှုကို ပြီးစီး စေတော်မူလိမ့်မည်။
Isaiah 59:21သူ တို့၌ ငါ ကိုယ်တိုင်ပေးသော ပဋိညာဉ် တရား ဟူမူကား၊ သင် ၏အပေါ် မှာ ကျိန်းဝပ်သော ငါ ၏ဝိညာဉ် နှင့် သင် ၏နှုတ် ၌ ငါထား သော စကား သည်၊ ယခု မှ စ၍ ကာလအစဉ် အဆက် သင် ၏နှုတ် ၊ သင့် အမျိုး အနွယ်၏ နှုတ် နှင့် ၊ သင့် အမျိုး အနွယ်၏ အမျိုး အနွယ်၏နှုတ် ထဲက မ ထွက် မပျောက်ရဟု ထာဝရဘုရား မိန့် တော်မူ၏။
Isaiah 62:7ယေရုရှလင် မြို့ကို အမြဲတည်တော်မမူ၊ မြေကြီး ပေါ်မှာ ချီးမွမ်း စရာအကြောင်းဖြစ် စေတော်မမူမှီတိုင်အောင် ၊ ဘုရား သခင်ကို မ ငြိမ် စေကြနှင့်။
Acts 10:38ထိုအကြောင်းအရာဟူမူကား၊ ဘုရားသခင် သည် သန့်ရှင်း သော ဝိညာဉ် တော်နှင့် ၎င်း၊ တန်ခိုး တော်နှင့်၎င်း၊ နာဇရက် မြို့သားယေရှု ကို ဘိသိက် ပေးတော်မူသဖြင့်၊ ထိုသူ သည် ဘုရားသခင် ၏ အခွင့်တော်နှင့် ကျေးဇူး ပြုလျက်၊ မာရ်နတ် ညှဉ်းဆဲ သော သူ အပေါင်း တို့အား ချမ်းသာ ကို ပေးလျက် လှည့်လည် တော်မူ၏။