The Bible Software
ကောရိန္တုဩဝါဒစာဒုတိယစောင် · မြန်မာကျမ်းစာ

ကောရိန္တုဩဝါဒစာဒုတိယစောင် 1

1ဘုရားသခင် ၏အလို တော်အားဖြင့် ယေရှု ခရစ် ၏ တမန်တော် ဖြစ်သော ငါ ပေါလုနှင့် ငါ့ညီ တိမောသေ သည်၊ ကောရိန္သု မြို့၌ ရှိ သော ဘုရားသခင် ၏ အသင်းတော် မှစ၍ ၊ အခါယ ပြည် အရပ်ရပ် တို့၌ ရှိ သော သန့်ရှင်း သူအပေါင်း တို့ကို ကြားလိုက်ပါ၏။

2သခင် ယေရှု ခရစ် နှင့် ငါ တို့အဘ တည်းဟူသောဘုရားသခင် အထံတော်က ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌ ရှိပါစေသော။

3သနား ခြင်းကရုဏာ၏အဘ ၊ သက်သာ ခြင်းအမျိုးမျိုး တို့၏ အရှင် တည်းဟူသောငါ တို့သခင် ယေရှု ခရစ် ၏ ခမည်းတော် ဘုရားသခင် သည် မင်္ဂလာ ရှိတော်မူစေသတည်း။

4ငါတို့သည် ဘုရားသခင် ၏ ကျေးဇူးတော်အားဖြင့် ကိုယ်တိုင် သက်သာ ခြင်းရှိသကဲ့သို့ ၊ ဆင်းရဲ ခြင်းအမျိုးမျိုး ကို ခံရသောသူ တို့ အား သက်သာ စေနိုင် မည်အကြောင်း ၊ ဆင်းရဲ ခြင်းအမျိုးမျိုး တို့၌ ဘုရားသခင် သည် ငါ တို့အားသက်သာ စေ တော်မူ၏။

5အဘယ်သို့ နည်းဟူမူကား၊ ခရစ်တော် ကြောင့် ငါ တို့ခံရသော ဆင်းရဲ ခြင်းသည် အလွန်များပြား သည် နည်းတူ ၊ ခရစ်တော် ၏ကျေးဇူးအားဖြင့် ငါ တို့ခံရသော သက်သာ ခြင်းသည် အလွန်များပြား ၏။

6သို့ဖြစ်၍ ငါတို့သည် ဆင်းရဲ ခြင်းကိုခံရသော်၎င်း၊ သက်သာ ခြင်း သို့ရောက်သော်၎င်း၊ သင် တို့၏ သက်သာ ခြင်းနှင့် ကယ်တင် ခြင်း အကျိုး အလိုငှာဖြစ်၏။ ငါ တို့သည် ဆင်းရဲခြင်း ကိုခံရသကဲ့သို့ သင်တို့သည် သည်းခံသော စိတ် နှင့် ခံရသောအားဖြင့်၊ ထိုသက်သာခြင်းနှင့် ကယ်တင်ခြင်းသည်ပြည့်စုံတတ်၏။

7သင် တို့အတွက် ကြောင့်ငါ တို့သည် မ ရွေ့နိုင်သော မြော်လင့် ခြင်းရှိ၏။ သင်တို့သည် ဆင်းရဲ ခြင်းကိုဆက်ဆံ သကဲ့သို့ ၊ ထိုနည်းတူ သက်သာ ခြင်းကို ဆက်ဆံကြ၏ဟုငါတို့သည်သိ ကြ၏။

8ညီအစ်ကို တို့၊ အာရှိ ပြည်၌ ငါ တို့ခံရသော ဆင်းရဲ ခြင်းတည်းဟူသော အသက် မ လွတ်နိုင်ဟု ထင်ရ၍၊ မခံနိုင်အောင်အတိုင်း ထက် အလွန် လေး သော ဆင်းရဲခံရကြောင်း ကို သင် တို့မ သိဘဲ နေစေခြင်းငှာငါ တို့ အလိုမ ရှိ။

9ငါ တို့သည်မိမိ ကိုယ်ကိုအစဉ်မ ကိုးစား ဘဲ၊ သေ သောသူ တို့ကို ထမြောက် စေတော်မူသော ဘုရားသခင် ကို ကိုးစားမည်အကြောင်း သေ စေဟုစီရင် ခြင်းကို ကိုယ်တိုင် ခံရသကဲ့သို့ဖြစ် ၏။

10ထိုဘုရားသခင် သည် ငါ တို့ကိုထိုမျှလောက်ကြီးစွာ သော သေ ဘေးမှ ကယ်လွှတ် တော်မူပြီ။ ယခု၌ လည်း ကယ်လွှတ် တော်မူသေး၏။

11သင် တို့သည်ကူညီ ၍ ငါ တို့အဘို့ ဆုတောင်း လျှင်၊ နောက်၌လည်း ကယ်လွှတ်တော်မူလတံ့ဟု ငါတို့သည် ယုံကြည်မျှော်လင့် ခြင်းရှိ၏၊ ထိုသို့ဖြစ်လျှင်အများ သော သူတို့သည် ကူညီသောအားဖြင့် ငါ တို့၌ ရောက်သော ကျေးဇူး ကို အများ သောသူတို့သည်ထောက် ၍ ငါ တို့အတွက် ကျေးဇူးတော်ကို ချီးမွမ်း ကြလိမ့်မည်။

12ငါ တို့ဝါကြွား ဝမ်းမြောက်ခြင်း အကြောင်း ဟူမူကား၊ လောကီ ပညာ ကိုအမှီမ ပြု ၊ ဘုရားသခင် ၏ ကျေးဇူး တော်ကို အမှီပြု၍ လျစ်လျူ သောစိတ်နှင့်၎င်း ၊ ဘုရားသခင် အလိုတော်ရှိသောကြည်ဖြူ ခြင်းနှင့်၎င်း၊ ငါ တို့သည်ဤလောက ၌ ကျင့်ကြံပြုမူ ၍ သင် တို့ဆီမှာ လည်း ထိုသို့အထူးသဖြင့်ကျင့်ကြံ ပြုမူသည်ဟု ကိုယ်ကိုကိုယ် သိသော စိတ်သည်သက်သေခံ သတည်း။

13သင် တို့သည်ဖတ် ၍ ဝန်ခံ သောအရာ မှတပါး ၊

14အခြား သောအရာကို ငါတို့သည် ရေး ၍ ပေးလိုက်သည်မ ဟုတ်။ သင် တို့သည် သခင် ယေရှု ခရစ် နေ့ ၌ ငါတို့၏ဝါကြွား ဝမ်းမြောက်ခြင်း အကြောင်း ဖြစ် သကဲ့သို့ ၊ ငါ တို့သည်သင် တို့၏ ဝါကြွားဝမ်းမြောက်ခြင်း အကြောင်းဖြစ်သည်ဟု သင်တို့သည်ငါ တို့ကို အနည်းငယ် အားဖြင့် ဝန်ခံသည်အတိုင်း အစဉ် ဝန်ခံ ကြလိမ့်မည်ဟု ငါတို့သည် မြော်လင့် လျက် နေကြ၏။

15အစဉ်ဝန်ခံမည်ဟု ငါသဘောကျ လျက်ရှိ၍ ၊ သင်တို့သည်တဖန် ဆုကျေးဇူး တော်ကိုခံရ စေခြင်းငှာ ငါ သည်သင် တို့ဆီသို့ အရင် လာ မည်ဟု အကြံရှိ ၏။

16သင် တို့အနားမှာရှောက် ၍ မာကေဒေါနိ ပြည်သို့ သွား ပြီးလျှင်၊ တဖန် မာကေဒေါနိ ပြည်မှ သင် တို့ နေရာသို့ လာ ၍ ၊ ယုဒ ပြည်တိုင်အောင် သင် တို့ပို့ ခြင်း ကျေးဇူးကို ခံမည်ဟုအကြံရှိ၏။

17ထိုသို့ အကြံရှိ သောအခါ လျှပ်ပေါ် သော စိတ်ရှိ သလော။ သို့မဟုတ် ငါ့ စကားမှာ ဟုတ်မှန် ၏၊ ဟုတ်မှန် ၏ဟူ၍၎င်း ၊ မ ဟုတ်မမှန်၊ မ ဟုတ်မမှန်ဟူ၍၎င်း၊ ဖြစ် စေခြင်းငှာ ငါကြံစည် သောအရာ ကို ဇာတိ ပကတိ အတိုင်း ကြံစည် သလော။

18ဘုရားသခင် သည် သစ္စာ နှင့်ပြည့်စုံတော်မူသကဲ့သို့ ၊ သင် တို့ဆီသို့ ငါ တို့ပေးလိုက်သော စကား သည် ဟုတ်မှန် ၏ ဟူ၍၎င်း ၊ မ ဟုတ်မမှန် ဟူ၍၎င်း၊ မ ဆိုလို ။

19ငါ မှစ၍ သိလွာနု နှင့် တိမောသေ တို့သည် သင် တို့အား ဟောပြော သော ဘုရားသခင် ၏သား တော် ယေရှု ခရစ် သည် ဟုတ်မှန် ဟူ၍၎င်း ၊ မ ဟုတ်မမှန်ဟူ၍၎င်းမ ဆိုလို ဘဲ၊ ကိုယ်တော် မှာ ဟုတ်မှန် ဟူ၍ သာဆိုလို သတည်း။

20ထိုသခင်မှာ ဘုရားသခင် ၏ ဂတိ တော်ရှိသမျှ တို့သည် ငါ တို့ အားဖြင့် ဘုန်း အသရေတော်ကိုထင်ရှားစေခြင်းအလိုငှာ၊ ဟုတ်မှန် ၏ဟူ၍၎င်း ၊ အာမင် ဟူ၍၎င်းဖြစ် သတည်း။

21သင် တို့နှင့် ငါ တို့ကို ခရစ်တော် ၌ တည် စေ၍ ဘိသိက် ပေးသော သူ ကား၊ ဘုရားသခင် ဖြစ်သတည်း။

22ထိုဘုရားသခင် သည် ငါ တို့ကိုတံဆိပ် ခတ်၍ ငါ တို့စိတ် နှလုံးထဲ၌ ဝိညာဉ် တော်တည်းဟူသောစားရန် ကိုသွင်းပေး တော်မူ၏။

23ငါ သည်သင် တို့ကို သနား သောကြောင့် သာ ယခု တိုင်အောင်ကောရိန္သု မြို့သို့ မ လာ ဟု ငါ စိတ် ဝိညာဉ် ဘက်၌ ဘုရားသခင် ကို ငါတိုင်တည် ၏။

24ထိုသို့ဆိုသော်လည်း၊ ငါတို့သည်သင် တို့၏ ယုံကြည် ခြင်းကို အစိုးရ သည်မ ဟုတ်။ သင် တို့၏ ဝမ်းမြောက် ခြင်းအကြောင်း ကို ကူမ ၍သာပြု ကြ၏။ အဘယ်ကြောင့် နည်းဟူမူကား၊ ယုံကြည် ခြင်းအားဖြင့်သင်တို့သည်တည်နိုင် ကြ၏။

← ကောရိန္တုဩဝါဒစာပထမစောင် 16Read In The App, Free →ကောရိန္တုဩဝါဒစာဒုတိယစောင် 2 →

Study ကောရိန္တုဩဝါဒစာဒုတိယစောင် 1

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Robertson's Word PicturesReina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213