တမန်တော်ဝတ္ထု 16:34
တဖန် ပေါလု နှင့် သိလတို့ကို မိမိအိမ် သို့ ခေါ်ပင့် ပြီးမှသူတို့ကို လုပ်ကျွေး ၍ ၊ ဘုရားသခင် ကို ယုံကြည် လျက် အိမ်သူ အိမ်သားအပေါင်းတို့နှင့်တကွဝမ်းမြောက် ခြင်းသို့ရောက်လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Isaiah 55:12သင်တို့သည် ဝမ်းမြောက် သောစိတ် နှင့် ထွက် ၍ ၊ ချမ်းသာ စွာ ပို့ ခြင်းကိုခံ ရကြလိမ့်မည်။ တောင် ကြီး တောင် ငယ်တို့သည် သင် တို့ရှေ့ မှာ သီချင်း ဆိုသံနှင့် ကြွေးကြော် ၍ ၊ တော ၌ရှိသမျှ သော အပင် တို့သည် လက်ခုပ် တီး ကြလိမ့်မည်။
Isaiah 58:7မွတ်သိပ် သောသူကို အစာ ကျွေး ခြင်း၊ နေရာ မရှိ၊ ဆင်းရဲ သောသူတို့ကို ကိုယ်အိမ် သို့ ဆောင် ခြင်း၊ အဝတ် မရှိသော သူကိုမြင် လျှင် ၊ အဝတ် ကိုပေး ခြင်း၊ ကိုယ် အသား ကို မ ရှောင် ဘဲနေခြင်းမ ဟုတ်လော။
Luke 5:29ထိုနောက်မှ လေဝိ သည် ကိုယ်တော် အဘို့အလို့ငှာမိမိ အိမ် ၌ ကြီးစွာ သောပွဲ ကိုခံ ၍၊ အခွန်ခံ သောသူများ နှင့် အခြား သောသူ အပေါင်းတို့သည် ကိုယ်တော်မှစသောတပည့် တော်တို့နှင့်တကွ စားပွဲ၌ လျောင်း ကြ၏။
Luke 15:32သင် ၏ညီ မူကား အထက်ကသေ ၏။ ယခု ရှင်ပြန် ၏။ အထက်ကပျောက် ၏။ ယခု တွေ့ပြန် ၏။ ထိုကြောင့် ပျော်မွေ့ ဝမ်းမြောက် စရာအကြောင်းရှိ ၏။ အဘဆို သည် ဟု မိန့်တော်မူ၏။
Acts 2:46ထိုသူတို့သည်လည်း ဗိမာန် တော်၌ နေ့တိုင်း အစဉ်တစ် ညီတစ်ညွတ်တည်းနေ ၍ ၊ ကိုယ်အိမ် ၌ မုန့် ကိုဖဲ့ လျက် ကြည်ဖြူ ရွှင်လန်း ဝမ်းမြောက်သောစိတ် နှင့် အစာ အာဟာရကိုသုံးဆောင် ကြ၏။
Acts 11:14ထို ပေတရုသည် သင် မှစ၍ သင် ၏ အိမ် ၌ ရှိသမျှ သော သူ တို့ကို ကယ်တင် တော်မူခြင်း တရား စကား ကို သင့် အားဟောပြော လိမ့်မည်ဟု မြွက်ဆို ခဲ့သော အကြောင်းအရာကို ထိုသူသည် ငါ တို့အားပြန်ကြား လေ၏။