တမန်တော်ဝတ္ထု 2:39
အကြောင်းမူကား ၊ ဂတိ တော်သည် သင် တို့နှင့်၎င်း ၊ သင် တို့၏သားသမီး တို့နှင့် ၎င်း၊ ဝေး သော သူ တို့တွင် ငါ တို့၏ဘုရားသခင် ထာဝရ ဘုရား ခေါ် တော်မူသမျှ သောသူတို့နှင့်၎င်း ဆိုင်သည်ဟု ဟော ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Psalms 115:14ထာဝရဘုရား သည် သင် တို့နှင့် သင် တို့သား မြေးတို့၌ မင်္ဂလာကို တိုးပွား စေတော်မူမည်။
Isaiah 54:13သင် ၏သားသမီး အပေါင်း တို့သည် ထာဝရဘုရား ဆုံးမ သွန်သင်တော်မူသောသူဖြစ်၍ ၊ များ စွာသော စည်းစိမ်ချမ်းသာ နှင့် ပြည့်စုံကြလိမ့်မည်။
Isaiah 59:19သို့ ဖြစ်၍၊ အနောက် မျက်နှာသားတို့နှင့်၊ နေ ထွက် ရာအရပ်သားတို့သည် ထာဝရဘုရား ၏ နာမ တော်နှင့် ဘုန်း တော်ကို ရိုသေ ကြလိမ့်မည်။ ရန်သူ သည် ရေ လွှမ်းမိုးသကဲ့သို့ ဝင် သောအခါ ၊ ထာဝရဘုရား ၏ ဝိညာဉ် တော် သည် ဆီးတား တော်မူမည်။
Ezekiel 37:25ငါ ၏ကျွန် ယာကုပ် အား ငါပေး ၍၊ သင် တို့ဘိုးဘေး များနေ ဘူးသော ပြည် ၌ သူ တို့နှင့် သား မြေး အစဉ်အဆက် တို့သည် နေ ကြလိမ့်မည်။ ငါ ၏ကျွန် ဒါဝိဒ် သည် လည်း သူ တို့ကို အစဉ်အမြဲ စိုးစံလိမ့်မည်။
Joel 2:32ထိုအခါ ထာဝရဘုရား ကို ပဌနာ ပြု သောသူ ရှိသမျှ တို့သည် ကယ်တင် တော်မူခြင်းသို့ ရောက်ရကြ လတံ့။ အကြောင်း မူကား၊ ထာဝရဘုရား မိန့် တော်မူသည် အတိုင်း ဇိအုန် တောင် ၊ ယေရုရှလင် မြို့၌ ၊ ထာဝရဘုရား ခေါ် တော်မူသောသူ အကျန် အကြွင်းတို့အဘို့ ကယ်တင် ခြင်းအခွင့် ရှိ ရလတံ့။
Acts 10:45တစ်ပါး အမျိုးသားတို့ အပေါ်သို့ သန့်ရှင်း သော ဝိညာဉ် တော်၏ ကျေးဇူး ကိုသွန်းလောင်း သောကြောင့်၊ အရေဖျားလှီး ခြင်းကို ခံသောသူ တည်းဟူသောပေတရု နှင့် ပါ သမျှ သော တပည့် တော်တို့သည် မိန်းမော တွေဝေခြင်းရှိကြ၏။