Amos 4:8
ထိုသို့ မြို့နှစ် မြို့သုံး မြို့ သားတို့သည် ရေ သောက် ခြင်းငှါ မြို့ တ မြို့သို့ သွား ရ၍ မ ဝ ရကြ။ သို့သော်လည်း ၊ သင်တို့သည် ငါ့ ထံသို့ ပြန် ၍မ လာကြဟု ထာဝရဘုရား မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
1 Kings 18:5အာဟပ် ကလည်း ၊ တပြည်လုံး သို့လှည့်လည် ၍ စမ်းရေ တွင်းများ၊ ချောင်း များရှိရာအရပ်ရပ် သို့ သွားလော့။ တိရစ္ဆာန် အပေါင်းတို့သည် မ သေ ၊ မြင်း နှင့် လား တို့သည် အသက် လွတ်မည်အကြောင်း၊ မြက်ပင် ကို တွေ့ ကောင်းတွေ့လိမ့်မည်ဟု ဩဗဒိ အား ဆို လျက်၊
Isaiah 41:17ဆင်းရဲ သောသူနှင့် ငတ်မွတ် သောသူတို့ သည် ရေ ကိုရှာ ၍ မ တွေ့၊ ရေငတ် ၍ လျှာ သွေ့ ခြောက်သောအခါ၊ ငါ ထာဝရဘုရား သည် သူ တို့ စကားကို နားထောင် မည်။ ဣသရေလ အမျိုး၏ ဘုရား သခင်ဖြစ်သော ငါသည် သူ တို့ကို မ စွန့်။
Jeremiah 3:7သူသည် ထို အမှုအလုံးစုံ တို့ကို ပြု ပြီးမှ ၊ ငါ့ ထံသို့ ပြန် လာပါဟု ငါပြော သော်လည်း ၊ သူသည်ပြန်၍မ လာ ။ ထိုအမှုကို သူ ၏ညီမ ၊ သစ္စာပျက် သောညီမ ယုဒ သည် ကြည့် မြင်လေ၏။
Jeremiah 14:3မှူးမတ် တို့သည် မိမိ သူငယ် တို့ကို ရေ ခပ် စေလွှတ် ၍၊ သူငယ်တို့သည် ရေကျင်း သို့ ရောက် သောအခါ ၊ ရေ ကိုမ တွေ့ ။ အိုး သက်သက်ကိုသာ ဆောင်ခဲ့လျက် ပြန် လာကြ၏။ ဦးခေါင်း ကို ခြုံ လျက်ရှက် ကြောက်မှိုင်တွေ ကြ၏။
Ezekiel 4:16တဖန်တုံ ၊ အချင်းလူသား ၊ ယေရုရှလင် မြို့၌ မုန့် အထောက် အပင့်ကို ငါ ချိုး မည်။ မြို့သားတို့သည် မုန့် ကိုချိန် လျက် ၊ စိုးရိမ် သောစိတ် နှင့် စား ရကြမည်။ ရေ ကိုလည်း ခြင် လျက် ၊ မိန်းမော တွေဝေခြင်းနှင့် သောက် ရကြမည်။
Hosea 11:5အထံတော်သို့ မပြန်မလာဟု သူသည် ငြင်း သောကြောင့် ၊ အဲဂုတ္တု ပြည် သို့ ပြန် ၍မ သွားရ။ အာရှုရိ မင်းသည် သူ တို့ကို အုပ်စိုးရလိမ့်မည်။