ထွက်မြောက်ရာကျမ်း 12:21
ထိုအခါ မောရှေ သည် ဣသရေလ အမျိုး အသက်ကြီး သူအပေါင်း တို့ကိုခေါ် ၍ ၊ သင် တို့သည် အိမ်ထောင် များ အသီးအသီးကိုယ်စီကိုယ်စီသိုးသငယ် တို့ကို ယူ ၍ ပသခါ ပွဲဘို့ သတ် ကြလော့။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 12
Cross References
Exodus 3:16သွား ၍ ဣသရေလ အမျိုးအသက်ကြီး သူတို့ကို စုဝေး စေပြီးလျှင် ၊ သင် တို့ဘိုးဘေး များ၏ ဘုရား သခင်၊ အာဗြဟံ ၏ဘုရား ၊ ဣဇာက် ၏ဘုရား၊ ယာကုပ် ၏ဘုရားတည်းဟူသောထာဝရဘုရား သည် ငါ့ အား ထင်ရှား တော်မူလျက်၊ အကယ်စင်စစ်သင် တို့ကို ငါအကြည့်အရှု လာ၍၊ အဲဂုတ္တု ပြည်၌ သင် တို့အား ပြု သောအမှုကိုငါမြင်ပြီ။
Exodus 12:11အဘယ်သို့စား ရမည်နည်းဟူမူကား၊ ခါးစည်း ကို စည်း လျက်၊ ခြေနင်း ကို စီး လျက် ၊ တောင်ဝေး ကို ကိုင် လျက် အလျင်အမြန် စား ရမည်။ ထာဝရဘုရား ၏ ပသခါ ဖြစ်သတည်း။
Exodus 19:7မောရှေ သည် ပြန်လာ ၍ လူ တို့တွင် အသက်ကြီး သူတို့ကို ခေါ် ပြီးလျှင် ၊ ထာဝရဘုရား မှာ ထားတော်မူသော စကား အလုံးစုံ တို့ကို ပြန်ပြောလေ ၏။
Numbers 11:16ထာဝရဘုရား ကလည်း ၊ သင်ကျွမ်းကျင် သော ဣသရေလ အမျိုးသား အသက်ကြီး ခုနစ်ကျိပ် တို့ကို ငါ့ ရှေ့မှာ စုဝေး စေပြီးလျှင်၊ ပရိသတ်စည်းဝေး ရာ တဲ တော် သို့ ခေါ် ခဲ့၍ သင် နှင့်အတူ ရပ် နေကြစေလော့။
2 Kings 23:21တဖန် ရှင်ဘုရင် ကလည်း၊ ဤ ပဋိညာဉ် ကျမ်းစာ ၌ လာ သည်အတိုင်း ၊ သင် တို့၏ဘုရား သခင်ထာဝရဘုရား အား ပသခါ ပွဲကို ဆောင် ကြလော့ဟု လူ အပေါင်း တို့ကို မိန့် တော်မူ၏
2 Chronicles 35:5ပြည်သူ ပြည်သားဖြစ်သော သင် တို့ညီအစ်ကို အဘ တို့ အဆွေအမျိုး နှင့် လေဝိ သား အဆွေအမျိုး အသီးအသီးနေရာ ရှိသည်အတိုင်း ၊ သန့်ရှင်း ရာဌာနတော်၌ ရပ် နေကြလော့။