ထွက်မြောက်ရာကျမ်း 3:16
သွား ၍ ဣသရေလ အမျိုးအသက်ကြီး သူတို့ကို စုဝေး စေပြီးလျှင် ၊ သင် တို့ဘိုးဘေး များ၏ ဘုရား သခင်၊ အာဗြဟံ ၏ဘုရား ၊ ဣဇာက် ၏ဘုရား၊ ယာကုပ် ၏ဘုရားတည်းဟူသောထာဝရဘုရား သည် ငါ့ အား ထင်ရှား တော်မူလျက်၊ အကယ်စင်စစ်သင် တို့ကို ငါအကြည့်အရှု လာ၍၊ အဲဂုတ္တု ပြည်၌ သင် တို့အား ပြု သောအမှုကိုငါမြင်ပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 3
Cross References
Genesis 1:7မိုဃ်း မျက်နှာကြက်ကို ဘုရား သခင်ဖန်ဆင်း တော်မူ၍ ၊ မိုဃ်း မျက်နှာကြက်အောက် ၌ ရှိသောရေ နှင့်၊ မိုဃ်း မျက်နှာကြက်အပေါ် ၌ ရှိသောရေ ကို ပိုင်းခြား တော်မူသည်အတိုင်း ဖြစ် လေ၏။
Genesis 50:24ယောသပ် ကလည်း ၊ ကျွန်ုပ် သေ တော့မည်။ အကယ် စင်စစ်ဘုရားသခင် သည် သင် တို့ကို အကြည့် အရှု ကြွလာတော်မူမည်။ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ကျိန်ဆို တော်မူသော ပြည် သို့ ၊ ဤ ပြည် မှ ဆောင်သွား တော်မူမည်ဟု အစ်ကို တို့အား ဆို ၏။
Exodus 2:25ဘုရား သခင်သည်လည်း ၊ ဣသရေလ အမျိုးသား တို့ကို ကြည့်ရှု ၍ သူတို့အမှုကို ဆင်ခြင် တော်မူ၏။
Exodus 4:5သို့ပြုလျှင် သူ တို့ဘိုးဘေး များ၏ ဘုရား သခင်၊ အာဗြဟံ ၏ဘုရား ၊ ဣဇာက် ၏ဘုရား ၊ ယာကုပ် ၏ဘုရား တည်းဟူသောထာဝရဘုရား သည် သင့် အား ထင်ရှား တော်မူကြောင်း ကို ထိုသူတို့သည် ယုံ ကြလိမ့်မည်ဟု မိန့် တော်မူ၏။
Exodus 4:31ထိုလူ များတို့သည် ယုံ ကြ၏။ ထာဝရဘုရား သည် ဣသရေလ အမျိုးသား တို့ကို အကြည့် အရှုကြွတော်မူသည် ကို ၎င်း ၊ သူ တို့ခံရသောဆင်းရဲ ခြင်းကို မှတ် တော်မူသည်ကို ၎င်းကြား သောအခါ ၊ ဦးညွှတ် ချ၍ ကိုးကွယ် ကြ၏။
Exodus 15:14လူမျိုး တို့သည် သိတင်းကြား ၍ ကြောက်လန့် ကြလိမ့်မည်။ ပါလေတ္တိန ပြည်သူ ပြည်သားတို့သည် ပူပန် ခြင်းသို့ ရောက် ကြလိမ့်မည်။