ထွက်မြောက်ရာကျမ်း 22:27
အကြောင်း မူကား၊ အခြားသောခြုံ စရာမရှိ။ ကိုယ် ခြုံ ဘို့ ဖြစ်၏။ သူသည် အဘယ်သို့ အိပ် နိုင်သနည်း။ ငါ့ အား အော်ဟစ် လျှင် ငါကြား မည်။ ငါ သည် သနား သော သဘောရှိ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
26အိမ်နီးချင်း သည် မိမိစောင် ကို သင် ၌ ပေါင် ထားလျှင် ၊ မိုဃ်းမချုပ်မှီ ပြန် ပေးရမည်။
28ဘုရား သခင်ကို လွန်ကျူး ၍ မ ပြောရ။ သင် ၏အမျိုး ကို အုပ်စိုး သော မင်း ကို မ ကျိန်ဆဲ ရ။
Read all of ထွက်မြောက်ရာကျမ်း 22
Cross References
Exodus 2:23ကာလ အင်တန်ကြာ ပြီးမှ၊ အဲဂုတ္တု ရှင်ဘုရင် အနိစ္စရောက် လေ၏။ ဣသရေလ အမျိုးသား တို့လည်း အစေ ကျွန်ခံရသောကြောင့်ညည်းတွား ငိုကြွေးကြ၏။ ထိုသို့ အစေ ကျွန်ခံ၍ငိုကြွေး သော အသံသည် ဘုရား သခင် ထံတော်သို့ တက် ရောက်လေ၏။
Exodus 34:6ထာဝရဘုရား သည် မောရှေ ရှေ့ ၌ ကြွ သွားတော်မူလျက် ၊ ထာဝရဘုရား ၊ ထာဝရဘုရား ၊ ချစ် သနားခြင်း မေတ္တာ ကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည် ခြင်း၊ ကျေးဇူး ပြုခြင်း၊ သစ္စာ စောင့်ခြင်းနှင့် ကြွယ်ဝ တော်မူထသော၊
1 Kings 2:8ငါ သည်မဟာနိမ် မြို့သို့သွား သောနေ့ ၌ ငါ့ ကို ကြမ်းတမ်း စွာ ကျိန်ဆဲ သောသူ ၊ ဗင်္ယာမိန် အမျိုးဗာဟုရိမ် ရွာသား၊ ဂေရ ၏သား ရှိမိ သည် သင့် လက်၌ရှိ၏။ သူ သည်ငါ့ ကိုခရီးဦးကြို ပြုအံ့သောငှါ ယော်ဒန် မြစ်နားသို့ လာ သောအခါ ၊ သင့် ကို ငါမ ကွပ်မျက် ဟု ထာဝရဘုရား ကို တိုင်တည် ၍ ငါကျိန်ဆိုသော်လည်း၊
2 Chronicles 30:9သင် တို့သည် ထာဝရဘုရား ထံတော်သို့ ပြန်လာ လျှင် ၊ သင် တို့၏ညီအစ်ကို သားသမီး တို့သည် သိမ်းသွား သောသူတို့ ထံ မှာ၊ ကရုဏာစိတ်နှင့်တွေ့ကြုံ၍၊ ဤ ပြည် သို့ တဖန် ပြန် လာကြလိမ့်မည်။ သင် တို့၏ ဘုရားသခင် ထာဝရဘုရား သည် ကျေးဇူး ပြုချင်သောသဘော၊ သနား တတ်သောသဘောရှိသောကြောင့် ၊ သင် တို့သည် အထံ တော်သို့ ပြန် လာလျှင် ၊ မျက်နှာ တော်ကို သင်တို့မှ လွှဲ တော် မ မူဟု စာ၌ပါသတည်း။
Psalms 72:12အကြောင်း မူကား၊ ငတ်မွတ် သောသူ အော်ဟစ် သောအခါ ၊ ထိုသူ ကို ၎င်း၊ ကိုးကွယ် ရာမ ရှိ၍ ဆင်းရဲ သောသူကို ၎င်း ချမ်းသာ ပေးတော်မူ လိမ့်မည်။
Psalms 136:10ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ အဲဂုတ္တု ပြည်မှာ သားဦး များကို ဒဏ်ခတ် တော်မူထသော၊