ထွက်မြောက်ရာကျမ်း 3:21
ထို လူမျိုး သည် အဲဂုတ္တု လူတို့ထံ၌ မျက်နှာရ သော အခွင့်ကို ငါပေး ၍ ၊ သင်တို့သည် ထွက် သွားသောအခါ လက်ချည်း မ သွား ရကြ။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 3
Cross References
Genesis 39:21သို့သော်လည်း ထာဝရဘုရား သည် သူ့ ဘက် ၌ ရှိ၍ ကယ်မသနား တော်မူသဖြင့် ၊ ထောင် မှူး ထံ မျက်နှာ ရစေ တော်မူ၏။
Exodus 11:3သူတို့တောင်းသည်အတိုင်း၊ အဲဂုတ္တု လူတို့သည် ပေးချင်သောစေတနာ စိတ်ကို ထာဝရဘုရား ဖြစ် စေ တော်မူ၏။ မောရှေ သည်လည်း ၊ အဲဂုတ္တု ပြည် တွင် ဖာရော ဘုရင်၏ ကျွန် များ၊ လူ များရှေ့ ၌ ကြီးစွာ သော အသရေ ရှိလေ၏။
Exodus 12:36တောင်း သည်အတိုင်းလည်း၊ ပေးချင်သောစေတနာ စိတ်ကို အဲဂုတ္တု လူတို့အား ထာဝရဘုရား ပေး တော်မူသဖြင့် ၊ အဲဂုတ္တု လူတို့၏ ဥစ္စာများကို လုယူ ကြ၏။
Nehemiah 1:11အို ဘုရား ရှင်၊ ကိုယ်တော် ကျွန် ပြုသောပဌနာ စကားနှင့် နာမ တော်ကို ရိုသေ ချင်သော ကျွန်တော်များ ပြုသောပဌနာ စကားကို နားထောင် တော်မူပါ။ ကိုယ်တော် ကျွန် ကို ယနေ့ ကောင်းကြီးပေး တော်မူပါ။ ဤ လူ ရှေ့ မှာ မျက်နှာ ရပါမည်အကြောင်းကယ်မသနား တော်မူပါဟု ဆုတောင်းလေ၏။ ထိုအခါ ငါ သည် ရှင်ဘုရင် ၏ ဖလားတော်ကိုင် ဖြစ် သတည်း။
Psalms 106:46သူ တို့ကို ချုပ်ထား သိမ်းသွားသော သူအပေါင်း တို့သည် သနား ရကြမည်အကြောင်း ပြု တော်မူ၏။
Acts 7:10အလုံးစုံ သော ဒုက္ခ ဆင်းရဲထဲမှ ကယ်နှုတ် ၍ ၊ အဲဂုတ္တု ပြည်ကို အစိုးရ သော ဖာရော ဘုရင်ထံ၌ မျက်နှာ ပွင့်လန်းခြင်းနှင့် ပညာ အတတ် ကိုပေး တော်မူသဖြင့် ၊ ထိုမင်းကြီးသည် အဲဂုတ္တု နိုင်ငံအုပ် အရာ၊ နန်းတော် အုပ်အရာ၌ ယောသပ် ကိုခန့်ထား လေ၏။