The Bible Software
ဧဇရမှတ်စာ · မြန်မာကျမ်းစာ

ဧဇရမှတ်စာ 1

1ယေရမိ ဆင့်ဆိုသော ထာဝရဘုရား ၏ အမိန့် တော်ကို ပြည့်စုံ စေခြင်းငှါ ၊ ပေရသိ ရှင်ဘုရင် ကုရု နန်းစံပဌမ နှစ် တွင် ၊ ထာဝရဘုရား နှိုးဆော် တော်မူသော အားဖြင့်၊ ထိုရှင်ဘုရင်သည် အမိန့်တော်စာ ကို ထုတ်ပြီးလျှင်၊ ပေရသိနိုင်ငံအရပ်ရပ် တို့၌ ကြော်ငြာ စေ၍၊

2ပေရသိ ရှင်ဘုရင် ကုရု မင်းမိန့် တော်မူသည် ကား၊ ကောင်းကင် ဘုံ၏အရှင် ဘုရား သခင်ထာဝရဘုရား သည်၊ မြေကြီး ပေါ်မှာ တိုင်း နိုင်ငံရှိသမျှ တို့ကို ငါ့ အား ပေး တော်မူသည်ဖြစ်၍၊ ယုဒ ပြည်ယေရုရှလင် မြို့၌ အိမ် တော်ကို ငါ တည် ဆောက်ရမည်အကြောင်း မှာ ထား တော်မူပြီ။

3သင် တို့တွင် အဘယ်သူ သည် ဘုရား သခင်၏ လူ ဖြစ်သနည်း။ ထိုသူ နှင့်အတူ ဘုရား သခင်ရှိ တော်မူပါစေသော။ ယုဒ ပြည်ယေရုရှလင် မြို့သို့ သွား ၍ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ၏ အိမ် တော် ကို တည် ဆောက်စေ။ ယေရုရှလင် မြို့၌ ရှိတော်မူသော ဘုရားသည် ဘုရား သခင်ဖြစ်တော်မူ၏။

4ဘုရားသခင်၏လူ တည်းခို ရာ အရပ်ရပ် ၌ နေ သောသူတို့သည်၊ ယေရုရှလင် မြို့မှာ ရှိတော်မူသော ဘုရား သခင်၏ အိမ် တော်အဘို့ အလိုလို လှူသော အလှူမှတပါး၊ ရွှေ ၊ ငွေ ၊ ဥစ္စာ ၊ တိရစ္ဆာန် နှင့် မစ စေဟု မိန့်တော်မူ၏။

5ထိုအခါ ယုဒ အဆွေအမျိုးနှင့် ဗင်္ယာမိန် အဆွေအမျိုးသူကြီး များ၊ ယဇ်ပုရောဟိတ် ၊ လေဝိ သားများနှင့်တကွ ၊ ဘုရား သခင်နှိုးဆော် တော်မူသောသူ အပေါင်း တို့ သည်၊ ယေရုရှလင် မြို့၌ ရှိတော်မူသော ထာဝရဘုရား ၏ အိမ် တော်ကို တည် ဆောက်ခြင်းငှါထ ကြ၏။

6အိမ်နီးချင်း ရှိသမျှ တို့သည်၊ အလိုလိုလှူ သော အလှူမှတပါး၊ ငွေ တန်ဆာ နှင့် ရွှေ အစရှိသော ဥစ္စာ များ၊ တိရစ္ဆာန် များ၊ အဘိုး ထိုက်သော အရာတို့နှင့် မစ ကြ၏။

7ထိုမှတပါး၊ ယေရုရှလင် မြို့မှ နေဗုခဒ်နေဇာ သိမ်း သွား၍၊ မိမိ ဘုရား တို့ဗိမာန် ၌ သွင်း ထားသော ဗိမာန် တော်တန်ဆာ တို့ကို၊

8ပေရသိ ရှင်ဘုရင် ကုရု သည် ရွှေတိုက် စိုး မိသရေဒတ် လက် ဖြင့် ထုတ် ၍ ၊ ယုဒ မင်း ရှေရှဗာဇာ ၌ ရေတွက် လျက် အပ်တော်မူ၏။

9ဗိမာန်တော် တန်ဆာစာရင်း ဟူမူကား၊ ရွှေ ဖလား သုံး ဆယ်၊ ငွေ ဖလား တ ထောင်၊ ထား နှစ် ဆယ်ကိုး စင်း၊

10ရွှေ အိုး သုံး ဆယ်၊ ခြားနားသောငွေ အိုး လေး ရာ တ ဆယ်၊ အခြား သောတန်ဆာ တ ထောင်၊

11ရွှေ တန်ဆာ ၊ ငွေ တန်ဆာအရေအတွက်ပေါင်း ကား၊ ငါး ထောင် လေး ရာ တည်း။ ထိုတန်ဆာများကို ရှေရှဗာဇာ သည် ယူ၍၊ အချုပ် ခံရသောလူစုထဲက၊ ဗာဗုလုန် မြို့မှ ယေရုရှလင် မြို့သို့ ခေါ် သွားသောသူတို့ နှင့်အတူ ဆောင် ခဲ့၏။

← ရာဇဝင်ချုပ်ပထမစောင် 36Read In The App, Free →ဧဇရမှတ်စာ 2 →

Study ဧဇရမှတ်စာ 1

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910