The Bible Software
ဧဇရမှတ်စာ · မြန်မာကျမ်းစာ

ဧဇရမှတ်စာ 5

1ထိုအခါ ပရောဖက် ဟဂ္ဂဲ နှင့် ဣဒေါ သား ပရောဖက် ဇာခရိ လူတို့သည် ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သား၊ ယုဒ လူတို့အား ထာဝရ ဘုရားအခွင့်နှင့် ဟော ကြ၏။

2ထိုသို့ဘုရားသခင် ၏ပရောဖက် တို့သည် ဝိုင်းသဖြင့်၊ ရှာလသေလ သား ဇေရုဗဗေလ နှင့် ယောဇဒက် သား ယောရှု သည်ထ ၍ ယေရုရှလင် မြို့၏ဗိမာန် တော်ကို တည် စ ပြုပြန်ကြ၏

3ထိုအခါ မြစ် အနောက် ဘက် မြို့ဝန် တာတနဲ နှင့် ရှေသာဗောဇနဲ မှစ၍သူ တို့အပေါင်း အဘော်တို့သည် လာ ၍၊ ဤ အိမ် ကိုတည် ဆောက်ရမည်၊ ဤ မြို့ရိုး ကို ပြုပြင် ရမည်အကြောင်း အဘယ် သူမှာ ထားသနည်းဟူ၍၎င်း ၊

4ဤ အိမ် ကိုတည် ဆောက်သောသူတို့ ၏အမည် ကား အဘယ် သို့နည်းဟူ၍၎င်း၊ မေးစစ်ကြသော်လည်း၊

5ဒါရိ မင်း အမိန့် တော်မ ရောက်မှီအလုပ်အကိုင်မ ပြတ် စေခြင်းငှါ၊ ဘုရား သခင်သည် ယုဒ အမျိုးသားအသက် ကြီးသူတို့ကို ထောက်ရှုတော်မူ၏။ သို့ဖြစ်၍ အထံတော်သို့ လျှောက်စာ ကိုပေး လိုက်ကြ၏။

6မြစ် အနောက် ဘက် မြို့ဝန် တာတနဲ နှင့် ရှေသာဗောဇနဲ မှစ၍သူ တို့အပေါင်း အဘော်၊

7မြစ် အနောက် ဘက်၌ နေသောအဖာသသက် လူတို့သည်၊ ဒါရိ မင်းကြီး ထံ သို့ပေး လိုက်သော စာချက် ဟူမူကား၊ ဒါရိ မင်းကြီး ၌ အစဉ် ချမ်းသာ ရှိပါစေသော။

8ကျွန်တော်တို့သည် ယုဒ ပြည် တွင် ကြီး မြတ်သော ဘုရား သခင်၏ အိမ် တော်သို့ ရောက် ၍ ၊ ထိုအရပ်သားတို့သည် အိမ်တော်ကို ကျောက် ကြီး နှင့်တည်လုပ် လျက်၊ ကျောက်ထရံ ပေါ် မှာ သစ်သား ကို တင် လျက်၊ အလျင် အမြန် လုပ်ဆောင် ၍ အကြံထမြောက် ကြောင်းကို သိ မှတ်တော်မူပါ။

9ဤ အိမ် ကိုတည် ဆောက်ရမည်၊ ဤ မြို့ရိုး ကို ပြုပြင် ရမည်အကြောင်း အဘယ် သူမှာ ထားသနည်း ဟူ၍၎င်း၊

10သူကြီးတို့၏ အမည် များကို စာရင်းယူ၍ အထံ တော်သို့ ပေးလိုက်ခြင်းငှါ၊ သူကြီး တို့၏အမည် များကို၎င်း၊ အသက် ကြီးသူတို့၌ မေးမြန်း သောအခါ၊

11သူ တို့က၊ ငါ တို့သည် ကောင်းကင် နှင့် မြေကြီး အရှင် ဘုရား သခင်၏ ကျွန် တော်ဖြစ်ကြ၏။ ရှေး ကာလ ၌ ကြီး မြတ်သော ဣသရေလ ရှင် ဘုရင် တည်ထောင် တော်မူသော အိမ် တော်ကို ယခုပြုပြင် ကြ၏။

12ငါ တို့ဘိုးဘေး တို့သည် ကောင်းကင် ဘုံ၏ အရှင် ဘုရား သခင်၏ အမျက် တော်ကိုနှိုးဆော်သောကြောင့် ၊ သူ တို့ကိုခါလဒဲ မင်း၊ ဗာဗုလုန် ရှင် ဘုရင်နေဗုခဒ်နေဇာ လက် သို့ အပ် တော်မူသဖြင့်၊ ထိုရှင်ဘုရင်သည် ဤ အိမ် တော်ကို ဖျက်ဆီး ၍ ၊ ပြည်သား တို့ကို ဗာဗုလုန် မြို့သို့ သိမ်း သွား၏။

13ဗာဗုလုန် ရှင် ဘုရင်ကုရု သည်၊ နန်းစံပဌမ နှစ် တွင် ဤ ဗိမာန် တော်ကို ပြုပြင် ရမည်အကြောင်း မိန့် တော်မူ ၏။

14နေဗုခဒ်နေဇာ သည် ယေရုရှလင် မြို့၏ ဗိမာန် တော်ထဲက ထုတ် ၍၊ ဘုရားသခင်၏အိမ်တော်နှင့် ဆိုင် သော်လည်း၊ ဗာဗုလုန် မြို့၏ ဗိမာန် သို့ ဆောင် သွားသော ရွှေ တန်ဆာ၊ ငွေ တန်ဆာ တို့ကို ကုရု မင်းကြီး သည် ဗာဗုလုန် မြို့၏ဗိမာန် ထဲက တဖန်ထုတ် ၍၊ ရှေရှဗာဇာ အမည် နှင့် မြို့ဝန် အရာ၌ ခန့် ထားသောသူလက်သို့ အပ် တော်မူလျက်၊

15ဤ တန်ဆာ တို့ကိုယူ ၍ ယေရုရှလင် မြို့၏ ဗိမာန် တော်သို့ ဆောင် သွားလော့။ ဘုရား သခင်၏ အိမ် တော် ကိုမိမိ နေရာ ၌ တည် ပြန်စေဟု မိန့် တော်မူသည်အတိုင်း၊

16ထို ရှေရှဗာဇာ သည် လာ ၍ ယေရုရှလင် မြို့၏ ဘုရား အိမ် တော်အမြစ် ကို ချ ထားသဖြင့်၊ ထိုအချိန်မှစ၍ ယခု တိုင်အောင် ငါတို့သည် တည် လုပ်လျက် လက်စ မ သတ်သေးဟု ပြန်ပြောကြ၏။

17သို့ဖြစ်၍၊ ယေရုရှလင် မြို့၌ ဘုရား ၏အိမ် တော် ကို တည် ရမည်အကြောင်း ၊ ကုရု မင်းကြီး အမိန့် တော် ရှိသည် မရှိသည်ကိုသိလိုသဖြင့်၊ ဗာဗုလုန် မြို့ ဘဏ္ဍာ တော်တိုက် ၌ ရှာဖွေစေခြင်းငှါ၊ အလိုတော်ရှိလျှင် ရှာဖွေ စေတော်မူပါ။ နောက်တဖန် ဤအမှု၌ အလိုတော်ရှိသည် အတိုင်း ကျွန်တော် တို့ဆီ သို့ အမိန့် တော်စာကို ပေး လိုက် တော်မူပါဟု လျှောက်စာ၌ ပါသတည်း။

← ဧဇရမှတ်စာ 4Read In The App, Free →ဧဇရမှတ်စာ 6 →

Study ဧဇရမှတ်စာ 5

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910