ဟဂ္ဂဲအနာဂတ္တိကျမ်း 2:14
ဟဂ္ဂဲ ကလည်း ၊ ဤ လူမျိုး ၊ ဤ ပြည်သား တို့သည် ငါ့ မျက်မှောက် ၌ ထိုအတူဖြစ်ကြ၏။ သူ တို့လုပ်ဆောင် သမျှ သည် လည်း ထိုအတူ ဖြစ်၏။ ငါ့ထံမှာပူဇော် သော အရာသည်လည်း ညစ်ညူး ၏ဟု၊ ထာဝရဘုရား မိန့် တော်မူ ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ဟဂ္ဂဲအနာဂတ္တိကျမ်း 2
Cross References
Proverbs 15:8မ တရားသောသူ ပူဇော်သောယဇ် ကို ထာဝရဘုရား စက်ဆုပ် ရွံ့ရှာတော်မူ၏။ သဘော ဖြောင့်သောသူ ဆုတောင်းသော ပဌနာ ကိုကား ၊ နှစ်သက် တော်မူ၏။
Proverbs 21:27မ တရားသော သူပူဇော်သော ယဇ် သည် စက်ဆုပ် ရွံ့ရှာဘွယ်ဖြစ်၏။ ထိုမျှမက ၊ မ တရားသောစိတ် နှင့် ပူဇော် လျှင် သာ၍ဖြစ်၏။
Isaiah 1:11ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် တို့ပူဇော်သော ယဇ် များကို ငါ သည်အဘယ်သို့ ဆိုင်သနည်း။ မီးရှို့၍ ပူဇော် သောသိုး ကောင်၊ ဆူဖြိုးအောင်ကျွေးသော တိရစ္ဆာန် တို့၏ ဆီဥ နှင့် ငါဝ ပြီ။ နွား နှင့် သိုးသငယ် ၊ ဆိတ် တို့၏အသွေး ကို ငါမ နှစ်သက်။
Haggai 1:4အချင်းလူတို့၊ သင် တို့သည် အမိုးနှစ်ထပ်နှင့် ပြည့်စုံ သော အိမ် ၌ နေ ချိန် ရှိလျက်ပင်၊ အိမ် တော်ပျက် လျက် နေရမည်လော။
Jude 1:23ကိုယ် ကာယနှင့် ညစ်ညူး စွန်းကွက်သော အဝတ် ကိုပင် စက်ဆုပ် ရွံရှာ၍ ကြောက်ရွံ့ ခြင်းနှင့်တကွ ၊ အချို့ တို့ကို မီး ထဲမှ ဆယ် နှုတ်ကယ်တင် ကြလော့။