ဟေဗြဲဩဝါဒစာ 4:12
ဘုရားသခင် ၏နှုတ်ကပတ် တရားတော်သည် အသက် ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင် ခြင်း၊ သန်လျက် တကာ တို့ထက် ထက် ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ ၊ အသက် နှင့် စိတ် ဝိညာဉ်ကို၎င်း၊ အရိုးဆစ် နှင့် ခြင်ဆီ ကို၎င်း ပိုင်းခြား ထုတ်ချင်းခွင်း တတ်၏။ စိတ် နှလုံးအကြံအစည် များကိုလည်း သိမြင် တတ်၏
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Judges 3:16ဧဟုဒ သည် အလျား တတောင် ရှိသောသန်လျက် ကို လုပ် ၍ လက်ျာ ပေါင် အဝတ် တွင်း ၌ စည်း ထားပြီးလျှင်၊
Psalms 110:2ထာဝရဘုရား သည် အရှင် ၏ အာဏာ တော် လှံတံ ကို ဇိအုန် မြို့မှ လွှတ် တော်မူမည်။ ကိုယ်တော် သည် ရန်သူ တို့၏အလယ် ၌ အုပ်စိုး တော်မူလိမ့်မည်။
Psalms 139:2အကျွန်ုပ် ထိုင် ခြင်း၊ ထ ခြင်းအရာတို့ကို သိ တော်မူ ၏။ အကျွန်ုပ် အကြံ အစည်တို့ကို အဝေး က ပင် နားလည် တော်မူ၏။
Proverbs 5:4အဆုံး ၌ကား ၊ သူ သည်ဘင်းခါးရွက် ကဲ့သို့ ခါး ၍၊ သန်လျက် နှင့်အမျှ ထက် ၏။
Isaiah 11:4ဆင်းရဲ သားတို့၏ အမှုကိုတရား တော် အတိုင်း စီရင် ၍ ၊ နှိမ့်ချ သော မြေကြီး သားတို့ဘက် ၌ နေလျက်၊ ဖြောင့်မတ် စွာ ဆုံးဖြတ် လိမ့်မည်။ မြေကြီး ကိုနှုတ်ကပတ် တော်လှံတံ နှင့် ဒဏ်ခတ် ၍ ၊ ဆိုး သောသူကို နှုတ်ခမ်း ထွက်သက် နှင့် ကွပ်မျက် လိမ့်မည်။
Isaiah 55:11ထိုအတူ ငါ ၏နှုတ်ကပတ် စကား သည် ဖြစ် လိမ့်မည်။ အကျိုး မရှိဘဲ ငါ့ ထံသို့ မ ပြန် ရ။ ငါ့အလို ကို ပြည့်စုံ စေမည်။ ငါစေခိုင်း သော အမှု ၌ အောင် လိမ့်မည်။