The Bible Software
ဟေဗြဲဩဝါဒစာ · မြန်မာကျမ်းစာ

ဟေဗြဲဩဝါဒစာ 4

1ထို့ကြောင့် ၊ ဘုရားသခင်၏ ချမ်းသာ ထဲသို့ ဝင် ရသောအခွင့်ကို ပေးသော ဂတိ တော်သည် ငါတို့၌ရှိ ရစ် လျက်နှင့်၊ သင် တို့တွင် အချို့ တို့သည် မ မှီဘဲနေမည်ကို စိုးရိမ် ကြကုန်အံ့

2ငါတို့သည် ဝမ်းမြောက်စရာသိတင်း ကို ထိုသူ တို့ကဲ့သို့ ကြားရကြပြီ။ သို့ရာတွင် သူ တို့ကြား ရသော တရား စကားသည်၊ ကြား ရသောသူ တို့အထဲ၌ ယုံကြည် ခြင်းနှင့် မ ရောနှော သောကြောင့် အကျိုး ကိုမ ပေး

3ငါတို့မူကား ၊ ယုံကြည် သောသူ ဖြစ်၍ဘုရားသခင်၏ ချမ်းသာ ထဲသို့ ဝင် ကြရ၏။ ထိုသို့နှင့်အညီဗျာဒိတ် တော်ကား၊ သူတို့သည် ငါ ၏ချမ်းသာ ထဲသို့ မဝင်ရ ကြဟု အမျက်ထွက် ၍ ငါ ကျိန်ဆို သည်ဟု လာ၏။ ချမ်းသာဟုဆိုသော်၊ ကမ္ဘာ ဦး ကပင် အမှုအရာ တို့ကို ပြီးစီး ၍ ငြိမ်ဝပ်တော်မူရာ ချမ်းသာဟု ဆိုလိုသတည်း

4ခုနစ် ရက်မြောက်သောနေ့ကို အကြောင်း ပြု၍ ကျမ်းစာတ ချက်၌ လာသည်ကား၊ ဘုရားသခင် သည် မိမိ အမှုအရာ အလုံးစုံ တို့ကို ပြီးစီး၍ ခုနစ် ရက်မြောက်သောနေ့ ၌ ငြိမ်ဝပ် စွာနေတော်မူ၏ဟု လာ သတည်း

5ထို ကျမ်းစာ၌ တဖန် လာသည်ကား၊ သူတို့သည် ငါ ၏ ချမ်းသာ ထဲသို့ မ ဝင်ရ ကြဟုလာသတည်း

6ထိုကြောင့် ၊ အချို့ တို့သည် ဝင် ရကြ၏။ ဝမ်းမြောက် စရာ သိတင်းကို ရှေ့ဦးစွာ ကြားရသော သူ တို့ သည် မယုံကြည် သောကြောင့် မ ဝင် ရကြပြီ

7တဖန်တုံ ၊ ယနေ့ တွင် သင်တို့သည် ဗျာဒိတ်တော်အသံ ကို ကြား လျက်ရှိသည်ဖြစ်၍ ခိုင်မာ စိတ် နှလုံး မ ရှိကြနှင့်ဟုဆို သည်ဖြစ်၍ ၊ ဤမျှလောက် ကာလ ကြာပြီးမှ ၊ ယနေ့ ဟု ဒါဝိဒ် ကျမ်းစာ၌ လာသောအခါ၊ တစ်စုံတစ်ခု သော နေ့ရက် ကို သေချာစွာမှတ်သား သတည်း

8ယောရှု သည် ထိုသူ တို့ကို ချမ်းသာ ပေးသည် မှန် လျှင် ၊ ထိုနောက် အခြား သောနေ့ရက် ကို အဘယ် ဆို ဘွယ်ရှိသနည်း

9ထိုကြောင့် ၊ ဘုရားသခင် ၏လူ တို့အဘို့အလိုငှာ ငြိမ်ဝပ် ခြင်း ချမ်းသာတမျိုးသည် ကျန်ရစ် သေး၏

10ဘုရားသခင် သည် မိမိ အမှုအရာတို့ကို ပြီးစီး၍ ငြိမ်ဝပ်စွာ နေတော်မူသည် နည်းတူ ၊ ထိုချမ်းသာ ထဲသို့ ဝင် ရသောသူ သည်လည်း မိမိ အမှုအရာ တို့ကို ပြီးစီး၍ ငြိမ်ဝပ် စွာနေရ၏

11ထို့ကြောင့်၊ ဣသရေလလူတို့သည် မယုံကြည် သော စိတ်ရှိသဖြင့် လဲ သကဲ့သို့ ငါတို့သည်မ လဲ၊ ထို ချမ်းသာ ထဲသို့ ဝင် ရမည် အကြောင်း ကြိုးစား အားထုတ်ကြကုန်အံ့

12ဘုရားသခင် ၏နှုတ်ကပတ် တရားတော်သည် အသက် ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင် ခြင်း၊ သန်လျက် တကာ တို့ထက် ထက် ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ ၊ အသက် နှင့် စိတ် ဝိညာဉ်ကို၎င်း၊ အရိုးဆစ် နှင့် ခြင်ဆီ ကို၎င်း ပိုင်းခြား ထုတ်ချင်းခွင်း တတ်၏။ စိတ် နှလုံးအကြံအစည် များကိုလည်း သိမြင် တတ်၏

13ငါ တို့ကိုစစ်ကြော စီရင်တော်မူသော သူ ရှေ့ ၌ မ ထင်ရှားသော အရာ တစ်စုံတစ်ခု မျှမရှိ ၊ ခပ်သိမ်း သော အရာတို့သည် အကွယ်အကာ မရှိဘဲ၊ မျက်မှောက် တော်၌ လှန် ထားလျက် ရှိကြ၏

14ယခုမူကား၊ ကောင်းကင် ဘုံထဲသို့ကြွဝင် တော်မူသော ယဇ်ပုရောဟိတ် မင်းအကြီး တည်းဟူသောဘုရားသခင် ၏ သား တော်ယေရှု သည် ငါတို့၌ ယဇ်ပုရောဟိတ်မင်း ဖြစ် တော်မူသောကြောင့် ၊ ငါတို့သည် ဝန်ခံ ခဲ့ပြီးသောအရာ၌ တည်ကြည် ကြကုန်အံ့

15ငါ တို့ယဇ်ပုရောဟိတ် မင်းသည် ငါတို့ခံရ သော ဆင်းရဲ ဒုက္ခများကြောင့် မ ကြင်နာ နိုင် သောသူမ ဟုတ်။ ငါတို့ခံရသည်နည်းတူ ၊ အမျိုးမျိုး သော စုံစမ်း နှောင့်ရှက်ခြင်းတို့ကို ခံဘူးသောသူဖြစ်တော်မူ၏။ သို့ရာတွင် ၊ ဒုစရိုက် အပြစ်နှင့် ကင်းလွတ် တော်မူ၏

16ထို့ကြောင့် ၊ ငါတို့သည် သနား ခြင်းကရုဏာကို၎င်း ၊ တော်လျော် သောမစ ခြင်း ကျေးဇူး တော်ကို၎င်း ခံရ မည်အကြောင်း ၊ ရဲရင့် သောစိတ်နှင့် ကျေးဇူး ပလ္လင် တော်သို့ တိုးဝင် ချဉ်းကပ်ကြကုန်အံ့။

← ဟေဗြဲဩဝါဒစာ 3Read In The App, Free →ဟေဗြဲဩဝါဒစာ 5 →

Study ဟေဗြဲဩဝါဒစာ 4

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213