The Bible Software
Isaiah · မြန်မာကျမ်းစာ

Isaiah 11

1ယေရှဲ အမျိုးအငုတ် ၌ အတက် ပေါက် လိမ့်မည်။ သူ ၏အမြစ် တို့တွင် အညွန့် သည် အသီးသီး လိမ့်မည်။

2ထာဝရဘုရား ၏ ဝိညာဉ် တော်တည်းဟူသောဉာဏ် ပညာ ကို ပေးသောဝိညာဉ် ၊ ကြံစည် တတ်စွမ်း နိုင် သော သတ္တိ ကိုပေးသောဝိညာဉ် ၊ ထာဝရဘုရား ကိုသိ ၍ ကြောက်ရွံ့ သောသဘောကို ပေးသောဝိညာဉ် တော်သည် ထိုသူ အပေါ် မှာ ကျိန်းဝပ် တော်မူလိမ့်မည်။

3ထိုသူသည် ထာဝရဘုရား ကို ကြောက်ရွံ့ ခြင်း၌ မွေ့လျော် သည်ဖြစ်၍ ၊ မိမိ မျက်စိ မြင် သည်အတိုင်း တရား မ စီရင်၊ မိမိ နား ကြား သည်အတိုင်း မ ဆုံးဖြတ် ဘဲ၊

4ဆင်းရဲ သားတို့၏ အမှုကိုတရား တော် အတိုင်း စီရင် ၍ ၊ နှိမ့်ချ သော မြေကြီး သားတို့ဘက် ၌ နေလျက်၊ ဖြောင့်မတ် စွာ ဆုံးဖြတ် လိမ့်မည်။ မြေကြီး ကိုနှုတ်ကပတ် တော်လှံတံ နှင့် ဒဏ်ခတ် ၍ ၊ ဆိုး သောသူကို နှုတ်ခမ်း ထွက်သက် နှင့် ကွပ်မျက် လိမ့်မည်။

5တရား နှင့် သစ္စာ သည် သူ ၏ ခါးပန်း ခါးစည်း ဖြစ်လိမ့်မည်။

6တောခွေး သည် သိုးသငယ် နှင့်အတူ နေ လိမ့်မည်။ ကျားသစ် သည် ဆိတ်သငယ် နှင့်အတူ အိပ် လိမ့်မည်။ နွားသငယ် ၊ ခြင်္သေ့ သငယ်၊ ဆူ အောင်ကျွေးသော အကောင်တို့သည် အတူ သွားလာကြ၍ ၊ လူသူငယ် သည် သူ တို့ကို ပို့ဆောင် လိမ့်မည်။

7နွားမ နှင့် ဝံ မသည် အတူကျက်စား ၍၊ သူ တို့ သား ငယ်များသည် အတူ အိပ် ကြလိမ့်မည်။ ခြင်္သေ့ သည် လည်း နွား ကဲ့သို့ မြက် ကိုစား လိမ့်မည်။

8နို့စို့ သူငယ်သည်လည်း မြွေဆိုး တွင်း ပေါ် မှာ ကစား လိမ့်မည်။ နို့ကွာသော သူငယ် သည်လည်း ၊ မြွေ ဟောက်တွင်း ဝ၌ မိမိ လက် ကိုသွင်း လိမ့်မည်။

9ငါ ၏ သန့်ရှင်း သောတောင် တပြင်လုံး ၌ အချင်းချင်း ညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြ။ အကြောင်းမူကား၊ ပင်လယ် ရေသည် မိမိနေရာကို လွှမ်းမိုး သကဲ့သို့ ၊ မြေကြီး သည် ထာဝရဘုရား ကို သိကျွမ်း ခြင်းပညာနှင့် ပြည့်စုံ လိမ့်မည်။

10ထို ကာလ ၌ ယေရှဲ ၏အမြစ် သည် ပေါက်၍၊ လူ များ အဘို့ထူ သော အလံ ဖြစ်လိမ့်မည်။ ထိုအလံ ၌ တပါးအမျိုးသား တို့သည် ဆည်းကပ် ကြလိမ့်မည်။ ကျိန်းဝပ် တော်မူရာအရပ်သည်လည်း ဘုန်းကြီး လိမ့်မည်။

11ထို ကာလ ၌ ထာဝရဘုရား သည် လက် တော်ကို ဆန့်၍၊ ကျန် ကြွင်းသော ကိုယ်တော် ၏ လူ တို့ကိုအာရှုရိ ပြည်၊ အဲဂုတ္တု ပြည်၊ ပါသရု ပြည်၊ ကုရှ ပြည်၊ ဧလံ ပြည်၊ ရှိနာ ပြည်၊ ဟာမတ် ပြည်၊ ပင်လယ် တဘက်၌ရှိသောပြည် များတို့မှ ကယ် ယူခြင်းငှါ တဖန် ပြု တော်မူလိမ့်မည်။

12တပါးအမျိုးသား တို့အဘို့ အလံ ကိုထူ တော်မူသဖြင့် ၊ နှင်ထုတ် သောဣသရေလ အမျိုးသားနှင့် ၊ အရပ်ရပ် ကွဲပြား သောယုဒ အမျိုးသားတို့ကို မြေကြီး လေး မျက်နှာ တို့မှ ခေါ်၍ စုဝေး စေတော်မူလိမ့်မည်။

13ဧဖရိမ် အမျိုးသည် ငြူစူ သောစိတ်ငြိမ်း လိမ့်မည်။ ရန်ပြု တတ်သော ယုဒ အမျိုးသားတို့သည်လည်း ၊ ရန်ပြေ ကြလိမ့်မည်။ ဧဖရိမ် အမျိုးသည် ယုဒ အမျိုးကို မ ငြူစူ ရ။ ယုဒ အမျိုးလည်း ဧဖရိမ် အမျိုးကို ရန် မ ပြုရ။

14သူတို့သည် အနောက် ဘက်၌ ဖိလိတ္တိ လူများကို လိုက် ၍ တိုက်ကြလိမ့်မည်။ အရှေ့ ပြည်သား တို့၏ ဥစ္စာကို အတူ လုယူ ကြလိမ့်မည်။ ဧဒုံ အမျိုးနှင့် မောဘ အမျိုး ကိုလည်း လုပ်ကြံ ကြလိမ့်မည်။ အမ္မုန် အမျိုးသား တို့ သည်သူ တို့၏အုပ်စိုးခြင်းကိုခံ ရကြလိမ့်မည်။

15ထာဝရဘုရား သည်လည်း ၊ အဲဂုတ္တု ပင်လယ် ၏ လျှာ ကိုဖျောက်ဖျက် တော်မူမည်။ ပြင်း စွာသောလေ တော် နှင့်တကွ လက် တော်ကိုမြစ် ပေါ် မှာလှုပ် ၍ ၊ ချောင်း ခုနစ် သွယ်ဖြစ်စေခြင်းငှါ ရိုက်ခတ် တော်မူသဖြင့် ၊ လူတို့သည် ခြေနင်း စီးလျက် ကျော် သွားကြလိမ့်မည်။

16ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တု ပြည် မှ ထွက် သွားသောအခါ၌ ဖြစ်သကဲ့သို့ ၊ အာရှုရိ ပြည်မှ ကျန် ကြွင်းသော ကိုယ်တော် ၏လူ တို့သွားရာလမ်း ကြီးဖြစ် ရလိမ့်မည်။

← Isaiah 10Read In The App, Free →Isaiah 12 →

Study Isaiah 11

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566