Isaiah 11:13
ဧဖရိမ် အမျိုးသည် ငြူစူ သောစိတ်ငြိမ်း လိမ့်မည်။ ရန်ပြု တတ်သော ယုဒ အမျိုးသားတို့သည်လည်း ၊ ရန်ပြေ ကြလိမ့်မည်။ ဧဖရိမ် အမျိုးသည် ယုဒ အမျိုးကို မ ငြူစူ ရ။ ယုဒ အမျိုးလည်း ဧဖရိမ် အမျိုးကို ရန် မ ပြုရ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Isaiah 7:1ယုဒ ရှင်ဘုရင် ဩဇိ သား ဖြစ်သော၊ ယောသံ ၏ သား အာခတ် မင်းလက်ထက် ၌ ၊ ရှုရိ ရှင်ဘုရင် ရေဇိန် မင်း နှင့် ဣသရေလ ရှင်ဘုရင် ရေမလိ မင်း၏သား ပေကာ မင်း တို့သည်၊ ယေရုရှလင် မြို့ကိုတိုက် ခြင်းငှါ ချီ လာကြ၏။ သို့ သော်လည်း၊ အကြံ မ မြောက်နိုင် ကြ။
Jeremiah 3:18ထို ကာလ ၌ ယုဒ အမျိုး သည် ဣသရေလ အမျိုး နှင့် ပေါင်းဘော် လျက် ၊ မြောက် မျက်နှာအရပ် က တစု တည်းလာ၍၊ သင် တို့ဘိုးဘေး များ အမွေခံ ဘို့ ၊ ငါပေးဘူး သော ပြည် သို့ ရောက် ကြလိမ့်မည်။
Ezekiel 37:17ထိုတုတ်နှစ်ချောင်းကို တ ချောင်းတည်းဖြစ် စေခြင်းငှါ ပူး ထား၍၊ ထိုတချောင်းတည်းသော တုတ်ကို လက် စွဲလော့။
Hosea 1:11ထိုအခါ ယုဒ အမျိုးသား တို့နှင့် ဣသရေလ အမျိုးသား တို့သည် စုဝေး ပေါင်းဘော်၍ ၊ မင်း တဦးတည်း ကို ချီးမြှောက် သဖြင့် ထိုပြည် ထဲက ထွက်လာ ကြ လိမ့်မည်။ ယေဇရေလ နေ့ သည် ကြီးမြတ် သောနေ့ဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ၏။