Isaiah 32:10
သတိ မရှိသောမိန်းမတို့၊ သင်တို့သည် တနှစ်လွန် မှပူပန် ကြလိမ့်မည်။ အကြောင်း မူကား၊ စပျစ်သီး ကို သိမ်း ခြင်းအမှုပြတ် လိမ့်မည်။ စပါးအသီးအနှံကို သိမ်းရာကာ လ မရောက်ရ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Isaiah 5:5ယခု နားထောင်ကြ။ ငါ့ စပျစ် ဥယျာဉ်၌ ငါ ပြု ရမည်အမှု ကို သင် တို့အား ငါဘော်ပြ မည်။ စောင်းရန်း ကို ငါပယ်ရှင်း သဖြင့် ၊ သူတပါးတို့သည် စား ကြလိမ့်မည်။ အုတ်ရိုး ကိုငါဖြို သဖြင့်၊ သူတပါးတို့သည် ကျော်နင်း ကြ လိမ့်မည်။
Isaiah 16:10ဝပြော သောလယ်ပြင်ထဲမှာ ဝမ်းမြောက် ရွှင်လန်း ခြင်း ပြတ် လေပြီ။ စပျစ် ဥယျာဉ်၌ သီချင်း မ ဆိုရကြ။ မ ကြွေးကြော် ရကြ။ စပျစ်သီး နယ်ရာကျင်း၌ စပျစ်သီးကိုနင်း သောသူလည်း မ နင်း ရ။ ကြွေးကြော် သော အသံ ကိုလည်းငါ ပြတ် စေပြီ။
Isaiah 24:11စပျစ်ရည် ပြတ်သောကြောင့် လမ်း ခရီးတို့၌ မြည်တမ်း ခြင်းရှိ၏။ ဝမ်းမြောက် ခြင်းလည်း အကြွင်းမဲ့ကွယ် ပြီ။ တပြည် လုံး၌ သာယာ သောအသံ ငြိမ်း ပြီ။
Jeremiah 25:10ဤသူတို့တွင် ဝမ်းမြောက် သော အသံ ၊ ရွှင်လန်း သောအသံ ၊ မင်္ဂလာဆောင်သတို့သား ၏အသံ ၊ သတို့သမီး ၏အသံ ၊ ကြိတ်ဆုံ သံ နှင့် မီးခွက် အလင်း ကို ငါကွယ် ပျောက်စေမည်။
Hosea 3:4အကြောင်း မူကား၊ ဣသရေလ အမျိုးသား တို့ သည် နေ့ရက် များစွာ ရှင်ဘုရင် မ ရှိ၊ မင်းသား မ ရှိ၊ ယဇ် ပူဇော်ခြင်းမ ရှိ၊ ဆင်းတု မ ရှိ၊ သင်တိုင်း မ ရှိ၊ တေရပ်ရုပ်တု မရှိဘဲနေရ ကြလိမ့်မည်။
Joel 1:12စပျစ် နွယ်ပင်သည် ညှိုးနွမ်း ၏။ သင်္ဘောသဖန်း ပင်လည်း သွေ့ခြောက် ၏။ သလဲ ပင်၊ စွန်ပလွံ ပင်၊ ရှောက်ချို ပင် မှစ၍ တော သစ်ပင် ရှိသမျှ တို့သည် ညှိုးနွမ်း ကြ၏။ အကယ် စင်စစ် လူ သား တို့၌ ဝမ်းမြောက် စရာ အကြောင်းသည် သွေ့ခြောက် ၏။