Isaiah 32:11
ငြိမ်သက် စွာ နေသောမိန်းမတို့၊ တုန်လှုပ် ကြလော့။ သတိ မရှိသောသူတို့၊ ပူပန် ခြင်းရှိကြလော့။ အဝတ် တန်ဆာရှိသမျှတို့ကို ပယ် ချွတ်ပြီးမှ၊ ခါး ၌ လျှော်တေအဝတ်ကို စည်း ကြလော့။
မြန်မာကျမ်းစာ
In The King James Version
In Context
12ရင်ပတ်ကိုခတ်ခြင်း၊ သာယာ သော လယ်ယာ နှင့် အသီးများ သော စပျစ် နွယ်ပင်အတွက် ညည်းတွား ခြင်းရှိလိမ့်မည်။
Cross References
Deuteronomy 28:48ထာဝရဘုရား စေလွှတ် တော်မူသော ရန်သူ ၏ အမှုကို သင် သည် မွတ်သိပ် ခြင်း၊ ရေ ငတ်ခြင်း၊ အဝတ် အချည်းစည်းရှိခြင်းနှင့်တကွ ၊ အရာရာ ၌ ဆင်းရဲ စွာ ဆောင်ရွက် ရလိမ့်မည်။ သင် သည် မ ပျက်စီး မှီတိုင်အောင်သင့် လည်ပင်း ၌ သံ ထမ်းဘိုး ကို တင် ထားတော်မူမည်။
Isaiah 2:21ထာဝရဘုရားသည် မြေကြီး ကို ချောက်လှန့် အံ့သောငှါ ထ တော်မူသောအခါ ၊ ထိုဘုရား ကို ကြောက် ခြင်းအရှိန်၊ ဘုန်း တန်ခိုးအာနုဘော် တော်အရှိန်ကြောင့် ကျောက် တွင်း ၊ ချောက် ကြားထဲသို့ ပြေး ဝင်ကြလိမ့်မည်။
Isaiah 15:3လမ်း ခရီးတို့တွင် လျှော်တေ အဝတ်ကို ဝတ် ကြ ၍၊ အိမ်မိုး ပေါ် ၌၎င်း၊ လမ်းမ ၌ ၎င်း ရှိသမျှ သောသူတို့ သည် ညည်းတွား မြည်တမ်း၍၊ အလွန် မျက်ရည် ကျ ကြ၏။
Isaiah 22:4ထိုကြောင့် ငါဆို သည်ကား၊ ငါ့ ကိုမကြည့် ပါနှင့်။ ပြင်း စွာငို ရမည်။ ငါ့ အမျိုး သတို့သမီး ပျက်စီး သည်ဖြစ်၍၊ ငါ့ စိတ် ပြေစေခြင်းငှါ မ ကြိုးစား ပါနှင့်။
Isaiah 47:1အိုဗာဗုလုန် သတို့သမီး ကညာ ၊ ဆင်း ၍ မြေမှုန့် ၌ထိုင် လော့။ အိုခါလဒဲ သတို့သမီး ၊ ရာဇ ပလ္လင်မ ရှိဘဲ မြေ ပေါ် မှာ ထိုင် လော့။ သင့် ကို နူးညံ့ သိမ်မွေ့ သောသူ ဟူ၍နောက် တဖန်မ ခေါ် ရ။
Jeremiah 6:26အို ငါ ၏လူမျိုး သတို့သမီး ၊ လျှော်တေ အဝတ်ကို ဝတ် စည်း၍ ပြာ ၌ လူး လဲလော့။ တ ယောက်တည်း သော သားသေသည်ကို ငိုကြွေး သကဲ့သို့၊ ငိုကြွေး၍ ပြင်းစွာ မြည်တမ်း လော့။ လုယူဖျက်ဆီး သောသူသည် ငါ တို့ ကို ချက်ခြင်း တိုက် လိမ့်မည်။