Isaiah 32:2
ထိုမင်းတို့သည် လေ လုံ ၍ မိုဃ်းသက်မုန်တိုင်း ကွယ် ရာအရပ်ကဲ့သို့ ၎င်း၊ သွေ့ ခြောက်သောမြေ၌ စီးသော ချောင်း ရေ ကဲ့သို့ ၎င်း၊ နေပူ သော အရပ် ၌ ကျောက် လုံးကြီး အရိပ် ကဲ့သို့ ၎င်း ဖြစ် ကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
3မျက်စိ မြင် သောသူတို့သည် ရှင်းလင်းစွာ မြင် ကြ လိမ့်မည်။ နား ကြား သောသူတို့လည်း နားထောင် ကြ လိမ့်မည်။
Cross References
Psalms 32:7ကိုယ်တော် သည် အကျွန်ုပ် ခိုလှုံ ရာ ဖြစ်တော်မူ ၏။ အကျွန်ုပ် ကို ဘေး လွှတ်စေခြင်းငှါ ကွယ်ကာ စောင့်မတော်မူ၏။ ကယ်လွှတ် ကြောင်းကို ဆိုသောသီချင်း နှင့် အကျွန်ုပ် ကို ခြံရံ စေတော်မူ၏။
Psalms 143:9အိုထာဝရဘုရား ၊ ရန်သူ တို့လက်မှ အကျွန်ုပ် ကို ကယ်နှုတ် တော်မူပါ။ ကိုယ်တော် ကို ခိုလှုံ ပါ၏။
Isaiah 4:5ထာဝရဘုရား သည်လည်း ဇိအုန် တောင် မှာရှိသမျှ သောအိမ် များနှင့် စည်းဝေး ရာ ပရိသတ်များအပေါ် တွင်၊ နေ့ အချိန်၌ မိုဃ်းတိမ် နှင့် မီးခိုး ကို၎င်း၊ ညဉ့် အချိန်၌ မီးလျှံ အလင်း ကို၎င်းဖန်ဆင်း တော်မူ၍၊ မြတ် သောအရာ အလုံးစုံ တို့ကို လွှမ်းမိုး တော်မူလိမ့်မည်။
Isaiah 7:14ထိုကြောင့်၊ ထာဝရ ဘုရားသည် ကိုယ်တော် တိုင် နိမိတ် လက္ခဏာကို သင် တို့အား ပေး တော်မူမည်။ ကြည့်ရှု လော့။ သတို့သမီးကညာ သည် ပဋိသန္ဓေ စွဲယူ၍ ၊ သား ယောက်ျားကို ဘွားမြင် လတံ့။ ထိုသား ကို ဧမာနွေလ အမည် ဖြင့် မှည့် ရလတံ့။
Isaiah 9:6အကြောင်း မူကား၊ ငါ တို့အဘို့ သူငယ် ကို ဘွားမြင် ၏။ ငါ တို့အား သား ကိုသနား တော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက် ရှိ လိမ့်မည်။ နာမ တော်မူကား အံ့ဩ ဘွယ်၊ တိုင်ပင် ဘက်၊ တန်ခိုး ကြီးသောဘုရား သခင်၊ ထာဝရ အဘ၊ ငြိမ်သက် ခြင်းအရှင် ဟု ခေါ်ဝေါ် သမုတ် ခြင်းကိုခံ တော်မူလိမ့်မည်။
Isaiah 26:20ငါ ၏လူ တို့၊ လာ ကြ။ အတွင်းအခန်း ထဲသို့ ဝင် ၍ ၊ သင်တို့ကို ကွယ်ကာသော တံခါး များကို ပိတ် ထားကြ။ အမျက် ကာလ လွန် သည်တိုင်အောင် ခဏ သာပုန်း ရှောင် ၍ နေကြလော့။