Isaiah 41:18
မြင့် သောအရပ်တို့၌ မြစ် ကို၎င်း၊ နိမ့် သော အရပ်တို့၌ စမ်းရေ ကို၎င်း ငါပေါက် စေမည်။ တော အရပ် ၌ ရေ ကန် များကို၎င်း ၊ သွေ့ ခြောက်သောအရပ် ၌ စမ်းရေ တွင်း များကို၎င်းငါ ဖြစ်စေမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Judges 15:19လေဟိ အရပ်၌ ချိုင့်ဝှမ်း ရာကို ဘုရား သခင် ဖောက် တော်မူ၍ ရေ ထွက် လေ၏။ သူသည် ရေကို သောက် သဖြင့် အသက် ရှူပြန်၍ အား ဖြည့် လေ၏။ သို့ဖြစ်၍ ထို ချိုင့်ဝှမ်းရာကို အဟက္ကောရ အမည် ဖြင့် တွင်၍ ယနေ့ တိုင်အောင် လေဟိ အရပ်၌ ရှိသတည်း။
Psalms 78:15တော ၌ ကျောက် တို့ကိုဖေါက် ၍ ၊ ပင်လယ် ရေ ကဲ့သို့ များစွာ သော ရေကို သူတို့အား တိုက် တော်မူ၏။
Psalms 107:35တဖန်လွင်ပြင် ကို ရေ နှင့်ပြည့် စေခြင်းငှါ ၎င်း ၊ သွေ့ခြောက် သော အရပ် ကိုလည်း စမ်းရေ ထွက်စေ ခြင်းငှါ ၎င်း ပြု တော်မူ၏။
Isaiah 12:3သင် တို့သည် ဝမ်းမြောက် သောစိတ် နှင့် ကယ်တင် ခြင်းစမ်းရေတွင်း တို့၌ ရေ ခပ် ရကြလိမ့်မည်။
Isaiah 32:2ထိုမင်းတို့သည် လေ လုံ ၍ မိုဃ်းသက်မုန်တိုင်း ကွယ် ရာအရပ်ကဲ့သို့ ၎င်း၊ သွေ့ ခြောက်သောမြေ၌ စီးသော ချောင်း ရေ ကဲ့သို့ ၎င်း၊ နေပူ သော အရပ် ၌ ကျောက် လုံးကြီး အရိပ် ကဲ့သို့ ၎င်း ဖြစ် ကြလိမ့်မည်။
Isaiah 35:7တံလျှပ် သည် ရေကန် ဖြစ် လိမ့်မည်။ သွေ့ခြောက် သောမြေသည် စမ်း ရေတွင်း ဖြစ်လိမ့်မည်။ မြေခွေး အိပ်ရာ နေရာ ၌ ကျူပင် နှင့် ဂမာပင် အစား ၊ မြက်ပင် ပေါက်လိမ့်မည်။