Isaiah 45:20
သင်တို့သည် စည်းဝေး ၍ လာ ကြလော့။ အတိုင်း တိုင်းအပြည်ပြည်တို့မှ ဘေးလွတ် သောသူတို့၊ စည်းဝေး ကြလော့။ မိမိ ထုလုပ်သော သစ်သား ကို ဆောင်ရွက် သောသူ၊ မ ကယ်တင် နိုင်သော ဘုရား ကို ပဌနာ ပြုသောသူတို့ သည် ပညာ မ ရှိကြ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
1 Kings 18:26သူတို့သည် လူများပေး သော နွား ကိုယူ ၍ လုပ် ပြီးလျှင် ၊ အိုဗာလ ဘုရား၊ အကျွန်ုပ် တို့အား ထူး တော်မူပါဟု နံနက် အချိန်မှစ၍ မွန်းတည့် အချိန်တိုင်အောင် ဗာလ ၏ နာမ ကို ဟစ်ခေါ် ကြ၏။ သို့ရာတွင် ဗျာဒိတ် သံမ ရှိ။ ထူး သောသူလည်း မ ရှိ။ သူတို့သည် ကိုယ်တည် သော ယဇ် ပလ္လင်ရှေ့ မှာ ကခုန် ကြ၏။
2 Chronicles 28:23ငါ့ကိုဒဏ် ပေးသော ဒမာသက် မြို့၏ ဘုရား တို့ကို ငါဆည်းကပ်မည်ဟူ၍၎င်း၊ ရှုရိ ရှင်ဘုရင် ကိုးကွယ်သောဘုရား တို့သည် ကျေးဇူး ပြုတတ်သောကြောင့် ၊ ငါ ၌လည်း ကျေးဇူး ပြုစေခြင်းငှါ၊ ထို ဘုရားတို့အား ယဇ် ပူဇော်မည်ဟူ၍၎င်း ဆိုသော်လည်း၊ ထိုဘုရားတို့သည် အာခတ်မင်းနှင့် ဣသရေလ အမျိုးအကျိုးနည်း စရာ အကြောင်း ဖြစ် သတည်း။
Isaiah 4:2ထို ကာလ ၌ ထာဝရဘုရား ၏အညွန့် သည် ဘုန်း အသရေပွင့်လန်းလိမ့်မည်။ လွတ် သောဣသရေလ အမျိုးသားတို့အဘို့၊ မြေ အသီး အနှံသည် ကောင်းမြတ် လျောက်ပတ်လိမ့်မည်။
Isaiah 41:21သင် တို့၏ အမှု ကို စောင့် ကြလော့ဟု ထာဝရဘုရား မိန့် တော်မူ၏။ သင် တို့၏ခိုင်ခံ့သော သက်သေ များ ကို ထုတ် ပြကြလော့ဟု ယာကုပ် အမျိုး၏ ရှင်ဘုရင် မိန့် တော်မူ၏။
Isaiah 43:9ရုပ်တု ဆင်းတုကို လုပ် သောသူအပေါင်း တို့သည် အချည်းနှီး သက်သက်ဖြစ်ကြ၏။ သူ တို့နှမြော သောအရာ တို့သည် အကျိုး ကို မ ပေးနိုင်ကြ။ ငါတို့သည် မ မြင် တတ်၊ နား မလည်တတ်ဟု ရှက် စရာအကြောင်းကို ကိုယ်တိုင် သက်သေခံ ကြ၏။
Isaiah 44:10ဘုရား ကို လုပ် သောသူ၊ အကျိုး မ ပေးနိုင်သော ရုပ်တု ဆင်းတုကို သွန်း သောသူကား အဘယ်သူ နည်း။