Isaiah 59:1
ကြည့်ရှုလော့။ ထာဝရဘုရား သည် မကယ် မတင် နိုင်အောင် လက် တော်တို သည်မ ဟုတ်။ မကြား နိုင်အောင် နား တော်ထိုင်း သည်မ ဟုတ်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Numbers 11:23ထာဝရဘုရား က၊ ထာဝရဘုရား လက် တို သလော။ ငါ့ စကား တည် မည် မ တည်မည်ကို သင်သိ လိမ့်မည်ဟု မောရှေ အား မိန့် တော်မူ၏။
1 Samuel 8:18သင် တို့ရွေး ယူသော ရှင်ဘုရင် ကြောင့် ၊ ထို နေ့၌ သင်တို့အော်ဟစ် သော်လည်း ၊ ထာဝရဘုရား သည် နားထောင် တော်မ မူဟု သတိပေးလေ၏။
Isaiah 6:10သူ တို့မျက်စိ မမြင်၊ နားမကြား၊ စိတ် နှလုံးမသိ၊ အကျင့်မပြောင်းလဲ ၊ သူတို့အနာရောဂါကို ငါမငြိမ်းစေရ သည်တိုင်အောင်၊ သူတို့စိတ် နှလုံးကို မိုက် စေလော့။ သူ တို့ နား ကိုလည်း ထိုင်း စေလော့။ သူ တို့မျက်စိ ကိုလည်း ပိတ် လော့ဟု မိန့် တော်မူ၏။
Isaiah 50:2ငါလာ သောအခါ အဘယ်ကြောင့် လူ မ ရှိသနည်း။ ငါခေါ် သောအခါ အဘယ်ကြောင့်မ ထူး သနည်း။ ငါသည် မရွေး မနှုတ်နိုင်အောင် လက် တို သလော။ ကယ်ချွတ် နိုင်သော တန်ခိုး မ ရှိသလော။ ကြည့်ရှု လော့။ ငါ ဆုံးမ သဖြင့် ပင်လယ် ရေသည် ခန်းခြောက် ၏။ မြစ် တို့ကို လွင်ပြင် ဖြစ် စေ၏။ ရေ မ ရှိသောကြောင့် ငါး တို့သည် နံ ကြ၏။ ရေငတ် ၍ သေ ကြ၏။
Isaiah 63:1တင့်တယ် သော အဝတ် တန်ဆာဆင်ခြင်း၊ ကြီး သောတန်ခိုး ကြောင့် ဝါကြွားခြင်းရှိ၍၊ ပန်းဆိုး သော အဝတ် ကိုဝတ်လျက်၊ ဧဒုံ ပြည်ဗောဇရ မြို့မှ လာ သော ဤ သူကား၊ အဘယ်သူ ဖြစ်ပါလိမ့်မည်နည်း။ ဖြောင့်မတ်ခြင်းတရား ကို ဟော ၍၊ ကယ်တင် ခြင်းငှာ တန်ခိုးကြီး သောငါ ပေတည်း။
Jeremiah 32:17အို အရှင် ထာဝရဘုရား ၊ ကိုယ်တော် သည် မဟာ တန်ခိုး နှင့် လက်ရုံး တော်ကိုဆန့် ၍၊ ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း တော်မူပြီ။ ကိုယ်တော် မ တတ်နိုင် သော အရာ တစုံတခု မျှ မ ရှိပါ။