Isaiah 63:6
လူ များကို အမျက် ထွက်၍ ကျော်နင်း ပြီ။ ပြင်းစွာအမျက် ထွက်၍ ကျပ်ကျပ် နှိပ်နင်းပြီ။ သူ တို့အသွေး ကို မြေ ပေါ် မှာသွန် ပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Job 21:20ကိုယ် ပျက်စီးခြင်းကိုကိုယ် မျက်စိ နှင့် မြင်လျက်၊ အနန္တ တန်ခိုးရှင်၏အမျက် တော်ကို သောက် စိမ့်သောငှါ၊ သူ၏အပြစ်ကို ဘယ်နှစ်ကြိမ်ဆပ်ပေးတော်မူဘူးသည်ကို၎င်း သိမှတ် ကြလော့။
Psalms 75:8ထာဝရဘုရား ၏လက် တော်၌ ဖလား ရှိ၏။ နီ သောစပျစ် ရည်ပါ၏။ ဆေး မျိုးနှင့်ရောလျက်ရှိ၏။ ထို စပျစ်ရည်ကို လောင်း တော်မူ၏။ အနည် အဖတ်ကိုလည်း မတရား သော မြေ သားအပေါင်း တို့သည် ညှစ် ၍ သောက် ရကြ၏။
Isaiah 26:5မြင့် သောအရပ်၌ နေ သောသူတို့ကို ရှုတ်ချ တော်မူ ၏။ မြင့်မြတ် သောမြို့ ကိုဖြို၍၊ မြေ တိုင်အောင် နှိမ့်ချ လျက် မြေမှုန့် ထဲမှာ ထား တော်မူ၏။
Isaiah 49:26သင့် ကို ညှဉ်းဆဲ သောသူတို့ ကို သူ တို့၏အသား နှင့် ငါကျွေး မည်။ ချိုသော စပျစ်ရည် ကို သောက်သကဲ့သို့ ၊ သူတို့သည် မိမိ အသွေး ကိုဝစွာ သောက် ရကြမည်။ သို့ဖြစ်၍ ၊ ငါ ထာဝရဘုရား သည် သင့် ကို ကယ်တင် သော အရှင်၊ သင့် ကို ရွေးနှုတ် သောသခင်၊ ယာကုပ် အမျိုး၌ တန်ခိုးကြီး သော ဘုရားဖြစ်ကြောင်းကို လူ အပေါင်း တို့ သည် သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
Isaiah 51:21သို့ ဖြစ်၍၊ ညှဉ်းဆဲ ခြင်းကို ခံရသောသူ၊ စပျစ်ရည် မှတပါး အခြားသော ယစ်မျိုးနှင့် ယစ်မူး သောသူ၊ နားထောင်လော့။
Jeremiah 25:16သူ တို့အလယ် သို့ ငါ စေလွှတ် သော ထား ကြောင့် သူတို့သည် သောက် ၍ ယစ်မူး တိမ်းယိမ်း ခြင်းသို့ ရောက် ကြလိမ့်မည်ဟု ငါ့ အား မိန့် တော်မူသည်အတိုင်း ၊