ယေရမိအနာဂတ္တိကျမ်း 30:13
သင့်အနာကို စည်း အံ့သောငှါ အဘယ်သူမျှသင့် အမှု ကို မ စောင့် ။ အနာ ပျောက်စေနိုင်သော ဆေး ကို အဘယ်သူမျှမ ကု။
မြန်မာကျမ်းစာ
In The King James Version
There is none to plead thy cause, that thou mayest be bound up: thou hast no healing medicines.
In Context
12ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင့် အနာ သည် ပျောက် ခဲ၏။ သင် ခံရသောဝေဒနာ သည် ပြင်း လှ ၏။
Read all of ယေရမိအနာဂတ္တိကျမ်း 30
Cross References
Exodus 15:26သင်တို့သည် သင်တို့၏ ဘုရား သခင်ထာဝရဘုရား ၏ စကား ကို စေ့စေ့နားထောင် ၍ နှစ်သက် တော်မူသောအကျင့်ကို ကျင့် လျှင်၎င်း၊ ပညတ် တရားတော်အလိုသို့ လိုက် ၍ စီရင် တော်မူချက်တို့ကို စောင့်ရှောက် လျှင် ၎င်း၊ ငါသည် အဲဂုတ္တု လူတို့၌ စွဲ စေသော ရောဂါ တစုံ တခုကိုမျှ သင် တို့၌ မ စွဲ စေ။ ငါ သည် သင် တို့၏ ရောဂါ ကို ငြိမ်းစေသော ထာဝရဘုရား ဖြစ်သည်ဟု မိန့် တော်မူ၏။
Job 5:18ထိုအရှင်သည် အနာ ကိုဖြစ်စေ၍ ၊ ထိုအနာ ကိုလည်း စည်း တော်မူ၏။ ဒဏ်ခတ်တော်မူ၍ လက် တော်နှင့် သက်သာ စေတော်မူ၏။
Psalms 106:23ထိုအခါ ရွေးကောက် တော်မူသောမောရှေ သည် အမျက် တော်ကို လွှဲ ၍၊ ထိုသူတို့ကို ဖျက်ဆီး တော်မမူစေခြင်းငှါ ၊ ဖျက်ဆီး ရာအရပ်၊ ရှေ့ တော်၌ မ ရပ် လျှင်၊ သူ တို့ကို ဖျက်ဆီး မည်ဟု အကြံ ရှိတော်မူ၏။
Isaiah 1:6ခြေ ဘဝါး မှသည် ဦးခေါင်း တိုင်အောင် ကျန်းမာ ခြင်းမရှိ။ စုတ်ရှ သောအနာ ၊ ထိခိုက်၍ရောင်သောအနာ၊ ရိယွဲသော အနာ သက်သက်ရှိ၏။ ထိုအနာများကို မနှိပ် မ နယ်ရ။ အဝတ်နှင့်မ စည်း ရ။ ဘယောင်းဆီ နှင့် မ ပြော့ စေရသေး။
Jeremiah 8:22ဂိလဒ် ပြည်၌ ဗာလဇံ ပင် အစေးမ ရှိသလော။ ထို ပြည်၌ ဆေးသမား မ ရှိသလော။ ရှိလျက်ပင် ငါ ၏လူမျိုး သတို့သမီး သည် အဘယ်ကြောင့် အနာမှမ ထမြောက် သနည်း။
Jeremiah 17:14အို ထာဝရဘုရား ၊ အကျွန်ုပ် ၏ အနာ ကို ငြိမ်း စေတော်မူပါ။ သို့ပြုလျှင် ၊ အကျွန်ုပ်သည် အနာ ငြိမ်းပါလိမ့်မည်။ အကျွန်ုပ် ကို ကယ်တင် တော်မူပါ။ သို့ပြုလျှင် ၊ အကျွန်ုပ်သည် ကယ်တင် ခြင်းသို့ ရောက်ပါလိမ့်မည်။ ကိုယ်တော် သည် အကျွန်ုပ် ချီးမွမ်း ရာ ဖြစ်တော်မူ၏။